ဒိုက်ဦးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ


ပဲခူး၊ နိုဝင်ဘာ ၁၂

လူငယ့်ခေတ်

ပဲခူးတိုင်း အရှေ့ခြမ်း ဒိုက်ဦးမြို့နယ်၊ သပြေတန်း ရွာကြီးအုပ်စု၊ ဧကရာဇ်ကျေးရွာမှ အကြမ်းဖက်စစ်ကောင်စီခန့် ရာအိမ်မှူး ကိုသန့်ဇင်ဦး ယနေ့ (နိုဝင်ဘာ ၁၂) နံနက်အစောပိုင်း၌ သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

" မနက် စောစော ကိုသန့်ဇင်ဦးက စျေးက ဆိုင်ကယ်နဲ့အပြန်မှာ သေနတ်နဲ့ အပစ်ခံရတယ်လို့ သိရပါတယ်။ နောက်စေ့ကနေ ပွင့်ထွက်ပြီး နေရာမှာတင် ပွဲချင်းပြီး သေသွားပါတယ် " ဟု ဒိုက်ဦးမြို့ခံတစ်ဦးက ပြောသည်။

အဆိုပါပစ်ခတ်မှုကို ဒိုက်ဦးမြို့ပြ ပျောက်ကြားတပ်ဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ပြီး ယင်းရာအိမ်မှူးသည် စစ်ကောင်စီက တော်လှန်ရေးအဖွဲ့ဝင်များကိုသတင်းပေး ဖမ်းဆီးရာ၌ ကူညီပေးသည့်အတွက် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဒိုက်ဦးမြို့အနှံ့ စစ်ဆေးမှုများ တင်းကြပ်နေကာ ဆိုင်ကယ်များကို အဓိကထား စစ်ဆေးနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

Lu Nge Khit

ဒိုက်ဦးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ ဒိုက်ဦးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 19:50 Rating: 5

No comments:

Powered by Blogger.