ကောလင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး သူတို့ဆီပြန်လည်ကျရောက်ပေါက်ကွဲ၍ (၁၅) ဦး သေဆုံးပြီး အများအပြားဒဏ်ရာရကုန်



၁၂ ၊ ၁၁ ၊ ၂၀၂၁ ။ NBungDatKasa 

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်အနောက်ခြမ်းဘက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ယမန်နေ့ နိုဝင်ဘာလ (၁၁) ရက် နံနက်ပိုင်းအချိန်၌ စစ်ကြောင်းခွဲ၍ ထိုးစစ်ဆင်လာရာ ဒေသခံ PDF များမှ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်လိုက်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးဖြင့်ပြန်လည်ပစ်ခတ်ရာ အချင်းချင်းဖြစ်တဲ့ ခွဲထားတဲ့တစ်ဖက်စစ်ကြောင်းပေါ်သို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲသွား၍ (၁၅) ဦးထက်မနည်း သေဆုံးသွားပြီး အများအပြားဒဏ်ရာရကုန်ကြောင်း နယ်မြေထံသတင်းရင်းမြစ်မှ NBung Dat Kasa သို့ ပြောဆိုသည်။ 

ကောလင်းအနောက်ခြမ်းရှိ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များရှိရာသို့ သာလွန်အင်အားဖြင့် စစ်ကြောင်းထိုးလာစဉ် မှားယွင်းပစ်ခတ်မိ၍ သေဆုံးကြကုန်ပြီး ဒဏ်ရာရသူများအား ချောင်းနားတိုက်နယ်ဆေးရုံ ပို့ဆောင်ထားကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။ 

NBung Dat Kasa - Kachin Media

ကောလင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး သူတို့ဆီပြန်လည်ကျရောက်ပေါက်ကွဲ၍ (၁၅) ဦး သေဆုံးပြီး အများအပြားဒဏ်ရာရကုန် ကောလင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး သူတို့ဆီပြန်လည်ကျရောက်ပေါက်ကွဲ၍ (၁၅) ဦး သေဆုံးပြီး အများအပြားဒဏ်ရာရကုန် Reviewed by THITHTOOLWIN on 19:52 Rating: 5

No comments:

Powered by Blogger.