ကလေးမြို့အနောက်တောင်ဘက် ချင်းတောင်ခြေတွင် PDFနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား PDF တပ်ဖွဲ့ဝင်အမျိုးသမီး ၈ ဦးအဖမ်းခံရဟုဆို



ခိုနူမ်းသုန်သတင်း၊ ၁၆ နိုဝင်ဘာ ၂၀၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့အနောက်တောင်ဘက် ချင်းတောင်ခြေ ဇီးချောင်းအနီးတဝိုက်တွင် ယနေ့နံနက်ပိုင်းက စ၍ PDF(Kalay) နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကာ PDF တပ်ရင်း ၃ Medical Team မှအမျိုးသမီး ၈ ဦးဖမ်းဆီး ခံထားရကြောင်း ကနဦးသိရှိရသည်ဟု ကလေးမြို့သတင်းဌာန ချုပ်တွင်ဖော်ပြသည်။

ယင်းကိစ္စနဲ့ပတ်သက်၍ ဇီးချောင်းအနီးနားရှိရွာသားတစ်ဦးအား ဆက်သွယ်မေးကြည့်ရာတွင်" ဒီမနက်ကစပြီး စစ်ကောင်စီက ထိုးစစ်ဆင်လာတာ၊ PDF စခန်းတစ်ခုလက်လွှတ်လိုက်ရတယ်ကြားတယ်၊ လူလည်း ၁၀ ယောက်လောက်ဖမ်းခံရတယ်ကြားတယ်"ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းကစ၍ ချင်းတောင်ခြေ ဇီးချောင်းဘက်သို့ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ခြင်း ဖြစ်သည်ဟု သိရပြီး တိုက်ပွဲအခြေအနေအသေးစိတ်ကို မသိရသော်လည်း အနီးနားကျေးရွာများမှ ရွာသားများသည် ဘေး လွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ကြသည်ဟု သိရသည်။

တိုက်ပွဲအခြေအနေအသေးစိတ်အား ဆက်လက်စုံစမ်းဖော်ပြသွားမည်။

Khonumthung Burmese 

ကလေးမြို့အနောက်တောင်ဘက် ချင်းတောင်ခြေတွင် PDFနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား PDF တပ်ဖွဲ့ဝင်အမျိုးသမီး ၈ ဦးအဖမ်းခံရဟုဆို ကလေးမြို့အနောက်တောင်ဘက် ချင်းတောင်ခြေတွင် PDFနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွား PDF တပ်ဖွဲ့ဝင်အမျိုးသမီး ၈ ဦးအဖမ်းခံရဟုဆို Reviewed by THITHTOOLWIN on 18:01 Rating: 5

No comments:

Powered by Blogger.