NUG ​ငွေတိုက်စာချုပ် ၂၄ နာရီအတွင်းဒေါ်လာ၉သန်းခွဲဖိုး​ရောင်းချပြီးဖြစ်


၂၃ နိုဝင်ဘာလ ၂၀၂၁ 

အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)ရဲ့ နွေဦးတော်လှန်ရေး အထူးငွေတိုက်စာချုပ်တွေကို ၂၄ နာရီအတွင်း​ဒေါ်လာ ၉ ဒသမ ၅သန်းဖိုး​ရောင်းချပြီး ဖြစ်ကြောင်း သိရပါတယ်။

​ငွေတိုက်စာချုပ်ကို ဝယ်ယူသူများပြားလွန်းတာကြောင့် ဘဏ်တွေရဲ့ဒစ်ဂျစ်တယ်စနစ် ချို့ယွင်းမှုနာရီအတန်ကြာဖြစ်ခဲ့​တယ်လို့လဲ သိရပါတယ်။ စင်ကာပူနိုင်ငံက POSBနဲ့  DBS ဘဏ်တို့ဟာ ယနေ့ မနက်ပိုင်းကစပြီး ဒစ်ဂျစ်တယ်ဘဏ်စနစ်ချို့ယွင်းဖြစ်ပေါ်နေပြီး ငွေလဲပြောင်းမူလုပ်ဆောင်၍ နာရီအတန်ကြာမရကြောင်းအဆိုပါဘဏ်နှစ်ခုကကြေငြာထားတာကို တွေ့ရပါတယ်။ NUGကရောင်းချတဲ့ ငွေတိုက်စာချုပ်တွေကို ဝယ်ယူမှုများပြားခြင်းကြောင့်ဘဏ်ငွေလွဲပြောင်းမူများပြီး အွန်လိုင်းဘဏ်စနစ်တွေပြတ်တောက်ရခြင်းဖြစ်တယ်လို့ စင်ကာပူရောက်မြန်မာတွေက ပြောပါတယ်။

“စင်ကာပူက မြန်မာတွေက ဒီနေ့ အလုပ်မလုပ်အားကြဘူး၊ Bondဖို့စိတ်အားထက်သန်နေကြတယ်။ အွန်လိုင်းကနေ အလုအယက်ဝယ်နေကြတယ်။ ဒါကြောင့် ဘဏ်တွေ serverကျတာလို့လဲပြောတယ်” လို့ စင်ကာပူမှာ ပြုပြင်ထိန်းသိမ်းရေးအင်ဂျင်နီယာလုပ်ကိုင်နေသူ တစ်ဦးကပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပိုမို ရှင်းလင်းလွယ်ကူ သက်သာတဲ့ အွန်လိုင်းငွေပေးချေမှုပုံစံနဲ့ ပြောင်းလဲကျင့်သုံးသွားမယ်လို့ ယနေနေ့လယ်ပိုင်းတွင်ထုတ်ပြန်ခဲ့ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရက နွေဦးတော်လှန်ရေးအောင်မြင်ရန် ငွေတိုက်စာချုပ်တွေကို ဒေါ်လာ တစ်ဘီလီယံဖိုးထုတ်ရောင်းရန် စီစဉ်ခဲ့ပြီး ပထမအဆင့်အဖြင့် ငွေတိုက်စာချုပ် ဒေါ်လာ သန်း ၂၀၀ဖိုးကို နိုဝင်ဘာ ၂၃ ရက်တွင် စတင်ရောင်းချခဲ့ခြင်းဖြစ်ပါတယ်။ ငွေတိုက်စာချုပ်တွေကို ဒေါ်လာ ၁၀၀, ၅၀၀, ၁၀၀၀ နဲ့ ၅၀၀၀ တန် လေးမျိုးခွဲခြားထားပြီး သက်တမ်းနှစ်နှစ်နဲ့ အတိုးမဲ့ ငွေတိုက်စာချုပ်များဖြစ်တယ်လို့ သိရပါတယ်။


Public Voice Television 

NUG ​ငွေတိုက်စာချုပ် ၂၄ နာရီအတွင်းဒေါ်လာ၉သန်းခွဲဖိုး​ရောင်းချပြီးဖြစ် NUG ​ငွေတိုက်စာချုပ် ၂၄ နာရီအတွင်းဒေါ်လာ၉သန်းခွဲဖိုး​ရောင်းချပြီးဖြစ် Reviewed by THITHTOOLWIN on 21:43 Rating: 5

No comments:

Powered by Blogger.