ကုမ္ပဏီများ ဘဏ်အကောင့်သီးသန့်ရှိရမည်ဟု အကြမ်းဖက်စစ်ကောင်စီ ထပ်မံတင်းကျပ်


ရန်ကုန်၊ နိုဝင်ဘာ ၂၃

ကုမ္ပဏီများနှင့် စီးပွားရေးအဖွဲ့အစည်းများ ဘဏ်စာရင်းသီးသန့်ဖွင့်ရမည်ဟု အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားသည့် ရင်းနှီးမြှပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက နိုဝင်ဘာ(၂၂)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

အချို့ကုမ္ပဏီများသည် ကုမ္ပဏီဘဏ်စာရင်းမဖွင့်ဘဲ ဒါရိုက်တာများ၏ ဘဏ်စာရင်းကိုသာ အသုံးပြု၍ လုပ်ငန်းဆောင်ရွက်နေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

ထို့ကြောင့် ကုမ္ပဏီများအားလုံး ကိုယ်ပိုင်ဘဏ်စာရင်းဖွင့်ရမည်ဟု အဆိုပါဌာန၏ ညွန့်ကြားရေးမှူးချုပ်ဖြစ်သည့် စစ်ဗိုလ်ဟောင်း ဦးသန့်စင်လွင်က လက်မှတ်ထိုး ထုတ်ပြန်ထားသည်။ 

အကြမ်းဖက်စစ်ကောင်စီ၏ ထုတ်ပြန်ချက်၌ ကုမ္ပဏီဒါရိုက်တာများနှင့် ကုမ္ပဏီသည် သီခြားအခွင့်အရေးရှိသည်ဟု ဥပဒေက ပြဌာန်းထားခြင်းကြောင့် ယခုကဲ့သို့ ကန့်သတ်ရခြင်းဖြစ်သည်ဟု ဆိုထားသည်။ 

“ဒါက ကုမ္ပဏီတွေရဲ့ ငွေကြေးစီးဆင်းမှုကို ထိန်းချုပ်ချင်တာရယ်။ ကုမ္ပဏီတွေက ငွေပေးငွေချေတာကို ဘဏ်နဲ့ လုပ်ဖို့ အဓမ္မနည်းနဲ့တွန်းအားပေးဖို့လုပ်တာ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။ 

အကြမ်းဖက်စစ်တပ်ထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ကုန်ပစ္စည်းရောင်းဝယ်ခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ငွေပေးချေသည့်အခါ ကျပ် သိန်း ၂၀၀ ကျော်ပါက ဘဏ်စနစ်ကိုသာ အသုံးပြုရမည်ဟု နိုဝင်ဘာ(၃)ရက်က ကန့်သတ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ခြင်းမှာ ဒစ်ဂျစ်တယ်ငွေပေးချေမှုနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအတွက်ဖြစ်သည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် ဗဟိုဘဏ်က ဆိုထားသည်။


Lu Nge Khit

ကုမ္ပဏီများ ဘဏ်အကောင့်သီးသန့်ရှိရမည်ဟု အကြမ်းဖက်စစ်ကောင်စီ ထပ်မံတင်းကျပ် ကုမ္ပဏီများ ဘဏ်အကောင့်သီးသန့်ရှိရမည်ဟု အကြမ်းဖက်စစ်ကောင်စီ ထပ်မံတင်းကျပ် Reviewed by THITHTOOLWIN on 21:36 Rating: 5

No comments:

Powered by Blogger.