အိမ်ခွန်မြေခွန်များ မဆောင်လျှင် ဝရမ်းကပ်ပြီး လေလံတင်ရောင်းချသွားမည်ဟု ပြောဆိုပြီး ​အခွန်လိုက်​ကောက်​နေ


23 November 2021

အိမ်ခွန်မြေခွန်များ မဆောင်လျှင် အိမ်များကို ဝရမ်းကပ်ပြီး လေလံတင်ရောင်းချသွားမည်ဟု ကချင်ပြည်နယ် မိုးကောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မိုးကောင်းမြို့အတွင်း အိမ်ခွန်မြေခွန်များ လိုက်ကောက်နေကြောင်း သိရသည်။

အခွန်ဆောင်ခြင်းမရှိပါက မြေခွန်နည်းဥပဒေအတိုင်း အခွန်ထမ်းပိုင်ပစ္စည်းတို့ကို ဝရမ်းကပ်ပြီး လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း မိုးကောင်းမြို့ စည်ပင်သာယာရေးအဖွဲ့မှ စာထုတ်ပြီးလိုက်​ကောက်​နေသည်ဟု​ ဒေသခံတစ်ဦးကဆိုသည်။ 

"သူတို့ဆောင်ခိုင်းတဲ့ရက်ကိုမဆောင်ရင် အိမ်ကိုချိတ်ပိတ်ပြီးလေလံတင်ရောင်းပစ်မယ်လို့ပြောပါတယ်။ အရင်လတွေက မဆောင်တဲ့အိမ်တိုင်းကို လိုက်ပေးတယ်လို့ ယူဆရပါတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။

အချို့မြို့နယ်များတွင်လည်း မီတာကြေးဆောင်ရန် ကျန်ရှိနေသည့်အိမ်များကို မီတာစာရွက်များ လိုက်ပေးခဲ့သည်။


Kachinwaves 

အိမ်ခွန်မြေခွန်များ မဆောင်လျှင် ဝရမ်းကပ်ပြီး လေလံတင်ရောင်းချသွားမည်ဟု ပြောဆိုပြီး ​အခွန်လိုက်​ကောက်​နေ အိမ်ခွန်မြေခွန်များ မဆောင်လျှင် ဝရမ်းကပ်ပြီး လေလံတင်ရောင်းချသွားမည်ဟု ပြောဆိုပြီး ​အခွန်လိုက်​ကောက်​နေ Reviewed by THITHTOOLWIN on 21:47 Rating: 5

No comments:

Powered by Blogger.