ထန်းတပင် ပေါက်တန်းရွာရှိ MyTel တာဝါတိုင်ဖောက်ခွဲခံရပြီးနောက်၊ ရွာကိုအဝင်အထွက်ပိတ်ဆို့စစ်ဆေး


နိုဝင်ဘာ ၂၉ ရက်

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာနှင့်နယ်မြေထိစပ်နေသော ထန်းတပင်မြို့နယ်၊ ပေါက်တန်းရွာရှိ MyTel တာဝါတိုင် ယနေ့မနက် ၆:၄၀ ခန့်က ဖောက်ခွဲခံခဲ့ရကြောင်း သိရသည်။ ဗုံးနှစ်လုံးပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် တာဝါတိုင်အောက်ခြေရှိ အထိုင်စက်ပျက်စီးသွားခဲ့သည်ဟု သိရသည်။

“ ဘုန်းကြီးကျောင်းနောက်က မိုင်တဲတာဝါတိုင်မှာ ပေါက်တာ။ ဗုံးနှစ်လုံးပေါက်တာ။ ပေါက်ပြီးသိပ်မကြာဘူး စစ်သားတွေ၊ ရဲတွေ အရပ်ဝတ်တွေနဲ့ ရောက်လာပြီး ရွာအဝင်အထွက်ပိတ်လိုက်တယ်။ ရွာထဲကနေလည်း အပြင်ထွက် မခံ၊ အပြင်ကနေလည်း ရွာထဲအဝင်မခံပဲ ပိတ်ပြီးစစ်တယ်” ဟု ဒေသခံတစ်ဦးမှ HTY Info သို့ပြောသည်။

ထို့နောက်တွင် ပေါက်ကွဲမှုနှင့်ဆက်စပ်သည်ဟု မတရားစွပ်စွဲကာ လူငယ်အချို့ကို ဖမ်းဆီးစစ်ဆေးမှုများရှိနေသည်ဟု ဒေသခံများမှ သတင်းပေးပို့ထားပြီး၊ အဆိုပါအချက်ကို HTY Info အနေဖြင့်သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါ။ 


HTY Information III

ထန်းတပင် ပေါက်တန်းရွာရှိ MyTel တာဝါတိုင်ဖောက်ခွဲခံရပြီးနောက်၊ ရွာကိုအဝင်အထွက်ပိတ်ဆို့စစ်ဆေး ထန်းတပင် ပေါက်တန်းရွာရှိ MyTel တာဝါတိုင်ဖောက်ခွဲခံရပြီးနောက်၊ ရွာကိုအဝင်အထွက်ပိတ်ဆို့စစ်ဆေး Reviewed by THITHTOOLWIN on 00:23 Rating: 5

No comments:

Powered by Blogger.