ဂန့်ဂေါနယ် မောက်လင်းရွာသား ကျဆုံးပြည်သူ ၃ဦးအလောင်း ထပ်မံတွေ့ရှိ၊ စစ်တပ်က တစ်နယ်လုံးကို တောနင်းသွားလာနေ



ဂန့်ဂေါ နိုဝင်ဘာ ၂၉ 

အကြမ်းဖက်စစ်ကောင်စီတပ်‌တွေ မတရားဖမ်းဆီး သွားတဲ့ မောက်လင်းရွာသား ၄ဦးထဲက ၃ဦးရဲ့ ရုပ်အလောင်းကို ယနေ့တွေ့ကြရပြီလို့ ဒေသခံတွေထံကတဆင့် သိရပါတယ်။ ၁ဦးကတော့ ပျောက်ဆုံးနေဆဲဖြစ်ပြီး စစ်‌တပ်က မတရားဖမ်းဆီး သတ်ဖြတ်လို့ သေဆုံးရတဲ့ မောက်လင်းရွာသား ၅ဦး ရှိပြီဖြစ်ပါတယ်။ 

အဆိုပါ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ အင်အား ၁၀၀ ခန့်နဲ့ ဂန့်ဂေါမြို့မြောက်ဘက် ကလေး-ဂန့်ဂေါလမ်းတစ်လျှောက်က တောတောင်‌တွေထဲမှာ တောနင်းသွားလာနေပြီး အကြမ်းဖက်မှုတွေကို ကျူးလွန်နေပါတယ်။  

ပြည်သူတွေအနေနဲ့ အသက်အန္တရာယ်ဘေးကင်းရေး သတိထားနေထိုင်ကြဖို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထားပါတယ်။ 


Gangaw Youths Voice


ဂန့်ဂေါနယ် မောက်လင်းရွာသား ကျဆုံးပြည်သူ ၃ဦးအလောင်း ထပ်မံတွေ့ရှိ၊ စစ်တပ်က တစ်နယ်လုံးကို တောနင်းသွားလာနေ ဂန့်ဂေါနယ် မောက်လင်းရွာသား ကျဆုံးပြည်သူ ၃ဦးအလောင်း ထပ်မံတွေ့ရှိ၊ စစ်တပ်က တစ်နယ်လုံးကို တောနင်းသွားလာနေ Reviewed by THITHTOOLWIN on 00:16 Rating: 5

No comments:

Powered by Blogger.