နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီလက်ပါးစေ(၅၀)ခန့်သေဆုံးဟု မိုးကြိုးမုန်တိုင်းအဖွဲ့ထုတ်ပြန်

ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် ညီနောင်များ

စစ်ကိုင်း၊ နိုဝင်ဘာ ၂၉

ရွှေဘိုမိုးကြိုးမုန်တိုင်းအဖွဲ့နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့သည် အကြမ်းဖက်စစ်ကောင်စီနှင့် နိုဝင်ဘာ (၂၈) ရက်မှစတင်၍ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ယနေ့နံနက်ထိ စစ်ကောင်စီဘက်မှ တပ်သားဦးရေ (၅၀) ခန့် သေဆုံးခဲ့ ကြောင်း မိုးကြိုးမုန်တိုင်းအဖွဲ့၏ ယနေ့ ထုတ်ပြန်ချက်အရ သိရသည်။

 ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကမူ ရဲဘော်(၁)ဦး လက်သို့ထိမှန်ခဲ့သော်လည်း မစိုးရိမ်ရကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။

“လေကြောင်းပစ်ကူ အသုံးပြုပြီး ထိုးစစ်ဆင်တာဆိုပေမယ့်လည်း မြေပြင်မှာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၀င်တွေ အသာစီးရနေတာ”ဟု ရွှေဘိုမိုးကြိုးမုန်တိုင်းအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

သို့သော် လူငယ့်ခေတ်အနေဖြင့် အဆိုပါ ထိခိုက်ကျဆုံးစာရင်းများကို သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိခဲ့ပါ။

ရွှေဘိုမြို့နယ်တွင် နေထိုင်သည့် ဒေသခံတစ်ဦက "ဒီမှာတော့ PDF တွေ အောင်ပွဲရတဲ့သတင်းမျိုးပဲ ကြားရတယ်။ ဟိုဘက် (စစ်ကောင်စီ) က အောင်ပွဲရတာလည်း ရှိနိုင်ပေမဲ့ သူတို့သတင်းတွေက ထွက်လာတာမရှိဘူးလေ။ ဒီကောင်တွေက သတင်းအမှောင်ချနေတဲ့ကောင်တွေဆိုတော့ သူတို့ရှုံးတာနိုင်တာ ဘယ်သိရမလဲ" ဟု ဆိုသည်။

စစ်ကောင်စီတပ်များသည် နိုဝင်ဘာလ ၂၇ ရက် ညနေပိုင်းတွင် ဒီပဲယင်းမြို့နယ် ညောင်လှရွာသို့ လေကြောင်းဖြင့် ဝင်ရောက်ပစ်ခတ်နေပြီး အဆိုပါလေကြောင်းနှင့် လိုက်ပါလာသည့် စစ်ကောင်စီတပ်သားများအပါအဝင် ဆည်ကြီး ဘက်မှ ခြေလျင် တက်သည့် စစ်ကောင်စီတပ်သား စုစုပေါင်းအင်အား (၁၅၀) ခန့်သည့် ယခုအခါ ရွှေဘိုနယ်တစ်ဝိုက် တွင် ထိုးစစ်ဆင်လျက်ရှိကြောင်း သိရသည်။

နိုဝင်ဘာ ၂၇ ရက်က လေကြောင်းပစ်ခတ်မှုကြောင့် ပြည်သူတချို့ သေဆုံးဒဏ်ရာရရှိသူများ ရှိနေပြီး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူများလည်း ရှိနေသည်။


Lu Nge Khit

နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီလက်ပါးစေ(၅၀)ခန့်သေဆုံးဟု မိုးကြိုးမုန်တိုင်းအဖွဲ့ထုတ်ပြန် နှစ်ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီလက်ပါးစေ(၅၀)ခန့်သေဆုံးဟု မိုးကြိုးမုန်တိုင်းအဖွဲ့ထုတ်ပြန် Reviewed by THITHTOOLWIN on 00:30 Rating: 5

No comments:

Powered by Blogger.