စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ MNDAA ထပ်မံ သိမ်းဆည်းရမိ



အာဏာသိမ်းစစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများကို နိုဝင်ဘာ ၂၁ရက်တွင် ထပ်မံ သိမ်းဆည်းရမိခဲ့ကြောင်း ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA)က ယနေ့ ထုတ်ပြန်သည်။

MNDAA ရှေ့တန်းနယ်မြေ၌ စစ်ကောင်စီတပ်က စွန့်ပစ်ထားသည့် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ကြောင်း   သေနတ် ၂လက်၊ ကျည်ဆံများ၊ ဖုန်းနှင့် ကျည်ကာအင်္ကျီများ ကို ရိုက်ကူးထားသည့် ရုပ်သံဖိုင် ထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

 ရှေ့တန်းနယ်မြေ၏ တည်နေရာကို ဖော်ပြမထားသော်လည်း ကိုးကန့်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် နိုဝင်ဘာ ၂၁ရက်က မုံးကိုးဒေသရှိ နေရာ ၆ခု၌ တိုက်ပွဲများ ဖြစ်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။

 မုံးကိုးဒေသ မန်ရန်တပ်စခန်းကို နိုဝင်ဘာ ၂၁ရက်က စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂၀ကျော် ထိခိုက်သေဆုံးပြီး MNDAA တပ်မှ ၁ဦးကျဆုံး ၃ဦးဒဏ်ရာရရှိခဲ့သည်ဟု MNDAAက ဆိုသည်။

 ယခင်တိုက်ပွဲများ၌လည်း စစ်ကောင်စီတပ်မှ စွန့်ပစ်ထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်းများ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်းကို MNDAAက မကြာခဏ ထုတ်ပြန်ခဲ့သည်။


People's Spring 

စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ MNDAA ထပ်မံ သိမ်းဆည်းရမိ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းများ MNDAA ထပ်မံ သိမ်းဆည်းရမိ Reviewed by THITHTOOLWIN on 23:56 Rating: 5

No comments:

Powered by Blogger.