စစ်တပ်၏ဦးပိုင်က မြန်မာဘရူဝါရီကုမ္ပဏီကို ဖျက်သိမ်းရန် တရားရုံးတွင်ဦးတိုက်​လျှောက်ထား


(ဓါတ်ပုံ- စစ်ကိုင်းတိုင်းအတွင်း​ရောင်းချရန်သယ်​ဆောင်လာ​သောမြန်မာဘီယာများကို ​ဒေသခံ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များကဖမ်းဆီးပြီး ဖျက်ဆီးခဲ့သည်။)

အာဏာသိမ်းစစ်တပ်ပိုင်မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီက မြန်မာဘီယာထုတ်လုပ်နေသည့် Myanmar Brewery ကုမ္ပဏီကို ဖျက်သိမ်းရန် အနောက်ပိုင်ခရိုင်တရားရုံးကိုဦးတိုက်လျှောက်ထားလိုက်သည်။ 

ဦးပိုင်ဘက်က နိုဝင်ဘာ ၁၉ ရက်တွင် တရားရုံးကို တင်ပြလျှောက်ထားခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်တွင် အနောက်ပိုင်ခရိုင်တရားရုံးတွင် ကြားနားစစ်ဆေးသွားမည်ဟု အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်သတင်းစာများတွင်ဖော်ပြထားသည်။ 

ယခုလို ကုမ္ပဏီကို စာရင်းရှင်း ဖျက်သိမ်းရခြင်းမှာ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပုဒ်မ ၂၉၈(စ)အရဖြစ်ပြီး တရားရုံးက ဖျက်သိမ်းအမိန့်ထုတ်ပေးခြင်းကို ကန့်ကွက်လိုသည့် အစုရှယ်ယာရှင် သို့မဟုတ် အကြွေးရှင်တစ်ဦးဦးက ကန့်ကွက်နိုင်သည်ဟု ဆိုထားသည်။ 

 Myanmar Breweryကို ဂျပန် Kirinကုမ္ပဏီက ၂၀၁၅ခုနှစ်တွင် ဒေါ်လာသန်း ၅၆၀ဖြင့်ဝယ်ယူခဲ့သည်။ ထိုနောက် Mandaaly Breweryကုမ္ပဏီကိုလည်းဝယ်ယူခဲ့သေးသည်။ ထိုကုမ္ပဏီများသည် စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်ကုမ္ပဏီလက်အောက်ခံ ကုမ္ပဏီများဖြစ်ပြီး ထိုကုမ္ပဏီများကို ဂျပန်ကုမ္ပဏီက ရှယ်ယာ ၅၁ ရာခိုင်နှုန်းစီပိုင်ဆိုင်ထားသည်။ 

မြန်မာဘီယာသည်စစ်တပ်အာဏာမသိမ်းခင်က ပြည်တွင်းဘီယာဈေးကွက်၏ ဈေးကွက်ဝယ်စု ၈၀ရာခိုင်နှုန်းကို ထိန်းချုပ်ထားသည်၊ ပြည်တွင်းဈေးကွက်တွင် ဘီယာအားလုံး၏ ရောင်းအားပမာဏ ၅၀ရာခိုင်နှုန်းကျော် ရရှိထားသည်။ သို့​သော်စစ်တပ်ကနိုင်ငံတော်အာဏာကို လက်နက်ဖြင့်လုယူပြီးနောက် လူထုက စစ်တပ်ထုတ်ကုန်များကို သပိတ်မှောက်ခဲ့ကြသည်။ထိုထဲတွင် မြန်မာဘီယာအပါအဝင် Myanmar Brewery ကုမ္ပဏီ၏ အခြားထုတ်ကုန်များလဲပါဝင်ခဲ့သည်။ ထိုကြောင့် စစ်အာဏာသိမ်းပြီးနောက် မြန်မာဘီယာရောင်းအားသည် ၈၀ရာခိုင်နှုန်းအထိ့ကျဆင်း​နေသည်။

ထိုအပြင် အမေရိကန်၊ဗြိတိန်အပါအဝင် အနောက်နိုင်ငံများက စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းစုကြီးနှစ်ခုကို အရေးယူပိတ်ဆို့မူများပြုလုပ်လာသည်။ ထိုကြောင့် ဂျပန်ကုမ္ပဏီက စစ်တပ်ပိုင်လုပ်ငန်းများနှင့်လက်တွဲလုပ်ကိုင်မှုကို ရပ်တန့်လာရခြင်းဖြစ်သည်။ မြန်မာဘီယာအပါအဝင် စစ်တပ်ထုတ်ကုန်များကို ပြည်သူအများစုက သပိတ်​မှောက်ကြသည့်အပြင် ၊ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက ၎င်းတို့ နယ်​မြေတွင် သယ်​ဆောင်၊​ရောင်းချခြင်းကိုလုံးဝခွင့်မပြုဘဲ ​ယခု​နောက်ပိုင်းတွေ့သည်နှင့်ဖမ်းဆီးဖျက်ဆီးမှုများပြုလုပ်လာသည်။


People's Spring 

စစ်တပ်၏ဦးပိုင်က မြန်မာဘရူဝါရီကုမ္ပဏီကို ဖျက်သိမ်းရန် တရားရုံးတွင်ဦးတိုက်​လျှောက်ထား စစ်တပ်၏ဦးပိုင်က မြန်မာဘရူဝါရီကုမ္ပဏီကို ဖျက်သိမ်းရန် တရားရုံးတွင်ဦးတိုက်​လျှောက်ထား Reviewed by THITHTOOLWIN on 23:54 Rating: 5

No comments:

Powered by Blogger.