ဒီးမော့ဆိုမြို့တွင် အကြမ်းဖက်စစ်ကောင်စီနှင့်ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွား


၂၀၂၁ ခုနှစ် နိုဝင်ဘာလ၂၂ ရက်နေ့ ဒီးမော့ဆိုမြို့ စံပြ ၆မိုင်နှင့် ဒေါပိုးစီကျေးရွာတို့တွင် အကြမ်းဖက်စစ်ကောင်စီနဲ ​ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၂ ဉီးဆုံးသွားခဲ့ပါသည်။ မိမိတို့ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုမရှိပါ။ 

ထို့အပြင်အကြမ်းဖက်စစ်ကောင်စီသည် တပ်အင်အား ၇၀ ကျော်ဖြင့် စံပြ ၆မိုင် ကက်သလစ်ဘုရားကျောင်းတွင်မှာ တပ်စွဲထားလျက်ရှိပြီး လွိုင်ကော်မြို့ခရစ္စတူးဘုရားကျောင်းဝိုင်းအတွင်းရှိ ခရုဏာဆေးခန်းကိုလည်း အကြမ်းဖက်စစ်ကောင်စီက စေတနာ့ဝန်ထမ်းဆရာဝန်များ, သူနာပြုများနှင့် သီလရှင်အပါအဝင် စုစုပေါင်း ၁၇ ဉီးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဆေးခန်းမှာရှိတဲ့ လူနာတွေကိုလည်း ပြည့်သူ့ဆေးရုံသို့ အတင်းအဓမ္မ ရွှေ့ပြောင်းစေခဲ့သည်ဟု KNDF က သတင်းထုတ်ပြန်ထားပါသည်။


KnIC 

ဒီးမော့ဆိုမြို့တွင် အကြမ်းဖက်စစ်ကောင်စီနှင့်ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွား ဒီးမော့ဆိုမြို့တွင် အကြမ်းဖက်စစ်ကောင်စီနှင့်ကရင်နီပူးပေါင်းတပ်တို့ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွား Reviewed by THITHTOOLWIN on 00:01 Rating: 5

No comments:

Powered by Blogger.