မုံးကိုးမှာ ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ကိုးကန့် MNDAA တို့ နေရာအနှံ့ နာရီနဲ့ချီတိုက်ပွဲဖြစ်


ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးဒေသမှာ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကတပ်ဖွဲ့တွေနဲ့ ကိုးကန့်တပ် MNDAA တို့ကြား မနေ့ နိုဝင်ဘာလ ၂၄ ရက်မှာ ၆ နာရီနီးပါးကြာတဲ့အထိ နေရာအနှံ့တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ ၄၁ တပ်ရင်းက MNDAA ရဲ့တပ်စခန်းအနီးကို ချဉ်းကပ်လာလို့ သာရှောက်ဒေသမှာ ၂ နာရီနီးပါး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကိုးကန့်ဒေသတွင်း သတင်းမှာဖော်ပြပါတယ်။

ဒါ့အပြင် နမ်လောဒေသမှာလည်း ထိုးစစ်ဆင်ချဉ်းကပ်လာတဲ့ စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် မနေ့ တစ်နေ့တည်းတင် အဲဒီဒေသမှာတိုက်ပွဲ ၂ ကြိမ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

၄ နာရီကျော်ကြာတဲ့ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အနည်းဆုံး ၃ ဦးသေဆုံးပြီး ကိုးကန့် MNDAA တပ်ဘက်က ၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ စစ်ကောင်စီက မန်ရန်ဒေသနဲ့ ရှိကျကျတောင်တန်းကို လက်နက်ကြီးတွေနဲ့ အကြိမ် ၁၂၀ ကျော် ပစ်ခတ်ခဲ့တာကြောင့် ကိုးကန့် MNDAA ဘက်က ၂ ဦး လက်နက်ကြီးကျဉ်ထိတဲ့ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

မုံးကိုးကတိုက်ပွဲတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်း တစုံတရာထုတ်ပြန်တာတော့ မရှိသေးပါဘူး။

BBC Burmese

မုံးကိုးမှာ ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ကိုးကန့် MNDAA တို့ နေရာအနှံ့ နာရီနဲ့ချီတိုက်ပွဲဖြစ် မုံးကိုးမှာ ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ကိုးကန့် MNDAA တို့ နေရာအနှံ့ နာရီနဲ့ချီတိုက်ပွဲဖြစ် Reviewed by THITHTOOLWIN on 18:55 Rating: 5

No comments:

Powered by Blogger.