ခင်ဦးမြို့နယ် တွင်စစ်ကောင်စီသတင်းပေး ဒလန်တစ်ဦးကို ဒေါင်းစစ်သည်ခင်ဦး local PDF ကသုတ်သင်



နိုဝင်ဘာ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး ခင်ဦးမြို့နယ် တွင်နိုဝင်ဘာ၂၁ရက်နေ့ ညနေပိုင်းအချိန်က ခင်ဦးမြို့နယ် မုံလှရွာနှင့်သာဝတ္ထိရွာကြား "ဒေါင်းစစ်သည် Local PDF Khin U အဖွဲ့ "၏ ဓားမွှန်းခံရသော ရေဦးမြို့နယ် ပင်းစိမ်းကင်းကျေးရွာမှ စကသတင်းပေး မောင်မျိုး နိုဝင်ဘာလ ၂၅ ရက် ယနေ့မနက်ပိုင်းတွင် သေဆုံး သွားခဲ့တယ်လို့သိရပါတယ်။

ယမန်နေ့ မနက်ပိုင်း ခင်ဦးမြို့နယ် ပျဥ်ထောင်ကျေးရွာမှ မတရားဖမ်းခံရသောအပြစ်မဲ့ပြည်သူ ၇ဦး အပါဝင် ထိုရွာမှ ဖမ်းဆီးထားသော ၁၅ဦးစလုံး ညနေပိုင်းတွင် ပြန်လွတ်ပေး လိုက်တယ်လို့ သိရသည်။

ယမန်နေ့က ခင်ဦးမြို့နယ် ရွာသစ်ကုန်းကျေးရွာ တပ်စွဲအင်အား ရေဦးမြို့နယ် ဘက်သို့ ကူးပြောင်းသွားပေမယ့် အစောင့်ပျူမဖွဲ့များ အနည်းငယ်ကျန်ရှိနေသေးကြောင်း လည်းသိရပါတယ်။

"မိဘပြည်သူများ အနေဖြင့် တပ်စွဲရွာ အနီးအနားရှိ လမ်းများ ပေါ်တွင် သတိထား သွားလာစေချင်ပါသည်။ အချိန်မရွေး အသွားအလာ အကူးအသန်းရှိနိုင်တာကြောင့်ပါ"ဟူ၍ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ထားသည်။

Zayartime Media-ဇေယျာတိုင်း မီဒီယာ

ခင်ဦးမြို့နယ် တွင်စစ်ကောင်စီသတင်းပေး ဒလန်တစ်ဦးကို ဒေါင်းစစ်သည်ခင်ဦး local PDF ကသုတ်သင် ခင်ဦးမြို့နယ် တွင်စစ်ကောင်စီသတင်းပေး ဒလန်တစ်ဦးကို ဒေါင်းစစ်သည်ခင်ဦး local PDF ကသုတ်သင် Reviewed by THITHTOOLWIN on 11:30 Rating: 5

No comments:

Powered by Blogger.