မန္တလေးစည်ပင်ရုံးအနီး ဗုံးကွဲ


မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးအနီးမှာ နိုဝင်ဘာလ ၂၅ ရက် ဒီနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ 

စည်ပင်ရုံးအနောက်ဘက်လမ်း ၇၂လမ်းနဲ့ ၂၆လမ်းထောင့်ရှိ အမှိုက်ကန်ကနေပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 

"မနက် ၆နာရီလောက်ဆိုတော့ မိုးတောင်သိပ်မလင်းသေးဘူး။ အုန်းဆိုတဲ့အသံတော့ကြားလိုက်ရတယ်။ အဲနားမှာ စစ်သားတွေခြေရှုပ်နေလို့ လမ်းဆက်မလျှောက်တော့ပဲ ပြန်လာခဲ့တာ" လို့  ကျုံးဘေးမှာ  မနက်ပိုင်း လမ်းလျှောက်လေ့ရှိသူတစ်ဦးကပြောပြပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေးတာတွေပြုလုပ်နေပါတယ်။ 

စည်ပင်ရုံးပတ်လည် လမ်းအချို့နေရာတွေမှာတော့ သွားလာခွင့်ကန့်သတ်ထားတာတွေလည်းရှိပါတယ်။

စည်ပင်ရုံးအဝင်အထွက်နေရာတွေကို စစ်တပ်နဲ့ရဲတပ်ဖွဲ့က လုံခြုံရေးယူထားတယ်လို့သိရပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာလ၁၈ရက်တုန်းကလည်း စည်ပင် မြို့တော်ခန်းမတွင်းမှာ အစည်းအဝေးပြုလုပ်နေချိန် အပြင်ဘက်လမ်းမပေါ်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသေးတယ်။

People's Spring 

မန္တလေးစည်ပင်ရုံးအနီး ဗုံးကွဲ မန္တလေးစည်ပင်ရုံးအနီး ဗုံးကွဲ Reviewed by THITHTOOLWIN on 11:33 Rating: 5

No comments:

Powered by Blogger.