ထိုင်းမှာ မြန်မာ ၂၀၀ နီးပါး ထပ်မံဖမ်းဆီးခံရပြန်

မြန်မာလုပ်သား နှစ်သိန်းကျော်ကို MoU စနစ်နဲ့ ထိုင်းက ခေါ်ယူဖို့ ရှိနေချိန် တရားမ၀င် ၀င်ရောက်လာသူတွေကို ဖမ်းဆီးတာမြင့်နေ

မြန်မာလုပ်သား နှစ်သိန်းကျော်ကို MoU စနစ်နဲ့ ထိုင်းက ခေါ်ယူဖို့ ရှိနေချိန် တရားမ၀င် ၀င်ရောက်လာသူတွေကို ဖမ်းဆီးတာမြင့်နေImage caption: မြန်မာလုပ်သား နှစ်သိန်းကျော်ကို MoU စနစ်နဲ့ ထိုင်းက ခေါ်ယူဖို့ ရှိနေချိန် တရားမ၀င် ၀င်ရောက်လာသူတွေကို ဖမ်းဆီးတာမြင့်နေ

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ တောင်ဘက်မှာ ဒီနေ့ နိုဝင်ဘာလ ၂၅ ရက် မနက်ပိုင်းမှာ မြန်မာနိုင်ငံသား အယောက် ၂၀၀ နီးပါးဟာထိုင်းနိုင်ငံထဲတရားမဝင်ဝင်ရောက်မှုနဲ့ ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကနေ ဘန်ကောက်ကိုသွားမယ့် မြန်မာနိုင်ငံသား ၁၈၄ ဦးကို မဲဆောက်မြို့တောင်ဘက်က ဖော့ဖရာ့မြို့နယ်ထဲမှာ ထိုင်းနယ်ခြားစောင့်ရဲက ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေကို ထိုင်းအာဏာပိုင်တွေက ကပ်ဘေးဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှုတွေပြုလုပ်ပြီး ဥပဒေကြောင်းအရ အရေးယူသွားဖို့ရှိနေတယ်လို့ ထိုင်းရောက်မြန်မာတွေအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

အခု သီတင်းပတ်တွေ အတွင်း မြန်မာဘက်ကနေ ထိုင်းကို လူတွေ အစုလိုက် ဝင်ရောက်နေတာကို ထိုင်းရဲတွေ ဆက်တိုက်ဆိုသလို ဖမ်းမိနေတာ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကန်ချနဘူရီခရိုင်ထဲက နယ်မြေနှစ်ခုမှာ မြန်မာတွေ ဖမ်းဆီးခံရမှုရှိထားပါတယ်။

BBC Burmese

ထိုင်းမှာ မြန်မာ ၂၀၀ နီးပါး ထပ်မံဖမ်းဆီးခံရပြန်  ထိုင်းမှာ မြန်မာ ၂၀၀ နီးပါး ထပ်မံဖမ်းဆီးခံရပြန် Reviewed by THITHTOOLWIN on 11:24 Rating: 5

No comments:

Powered by Blogger.