ကန်ဘလူနယ်မှာ ပျူစောထီးတွေရဲ့ကားကို KBU- UG မိုင်းဆွဲတိုက်ခိုက်


ကန့်ဘလူ၊နိုဝင်ဘာ ၂၉၊ ၂၀၂၁။ 

ကန့်ဘလူမြို့နယ်အတွင်းမှာ ပျူစောထီးဆိုသူတွေ ပစ္စည်းသယ်လာတဲ့ကားကို နိုဝင်ဘာ ၂၈ ရက် မနေ့ကညနေ ၅ နာရီလောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Kanbalu Underground Warriors ( KBU – UG ) ဆီကသိရပါတယ်။ 

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့၊ ငါးရာနဲလမ်းအထွက်မှာ အဝေးထိန်းစနစ်နဲ့ မိုင်းနှစ်လုံးဆင့်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒိကားပေါ်မှာ လိုက်ပါလာတဲ့ ပျူစောထီးအချို့ဒဏ်ရာရှိခဲ့တယ်လို့ KBU – UG ရဲ့တာဝန်ရှိသူတဦးကပြောပါတယ်။ 

“အင်အားက ၅ ယောက်လောက်ပဲပါမယ်၊ ကားပေါ်မှာက သူတို့အတွက်လိုအပ်တဲ့ ပစ္စည်းတွေဖြစ်ဖို့များတယ်။ ကားကတော့ အဲ့ဒိနေရာမှာရပ်သွားတယ်။ အပျက်အစီးတော့ရှိတယ်" လို့ သူက ဆက်ပြောပါတယ်။ 

ဒီတိုက်ခိုက်မှုကို KBU – UG နဲ့ ဒေသခံပျောက်ကြားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒိကားပေါ်မှာ လိုက်ပါလာတဲ့ ပျူစောထီးအချို့ ဒဏ်ရာရှိခဲ့တယ်လို့ သိရပါတယ်။ 

KBU- UG အနေနဲ့ ကန့်ဘလူမြို့နယ်အတွင်း စစ်ကောင်စီနဲ့ပက်သက်ဆက်နွယ်နေတဲ့ ဌာနဆိုင်ရာရုံးတွေကို ဗုံးဖောက်ခွဲတာအပြင် ဒလန်ရှင်းလင်းရေးနဲ့ မိုင်းဆွဲတိုက်ခိုက်တာတွေကိုလုပ်ဆောင်တာ အကြိမ် ၅၀ နီးပါးလောက်ရှိပြီလို့လည်း KBU – UG ဆီက သိရပါတယ်။ 

မြေလတ်အသံ - Myaelatt Athan 

ကန်ဘလူနယ်မှာ ပျူစောထီးတွေရဲ့ကားကို KBU- UG မိုင်းဆွဲတိုက်ခိုက် ကန်ဘလူနယ်မှာ ပျူစောထီးတွေရဲ့ကားကို KBU- UG မိုင်းဆွဲတိုက်ခိုက် Reviewed by THITHTOOLWIN on 18:07 Rating: 5

No comments:

Powered by Blogger.