"‌ဆောင်းရာသီအတွက် နွေးထွေးမှုကို ရဲဘော်တွေဆီအရောက်ပို့မယ်"


နိုဝင်ဘာ၊ ၂၉

စစ်ကိုင်းတိုင်း တပ်မဟာ (၁)နယ်မြေအတွင်းရှိ Guerrilla Campတွင် မျိုးဆက်သစ်သင်တန်းသားရဲဘော်သစ်များထပ်မံရောက်ရှိလာသဖြင့် လိုအပ်ချက်တွေဖြစ်ပေါ်လျက်ရှိနေပါတယ်လို့ စစ်ကိုင်းတိုင်း စစ်ရေးကြီးကြပ်မှုကော်မတီ၊ ဘဏ္ဍာရှာဖွေရေးနှင့်စီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ထံက သိရသည်။

စေတနာရှင်မိဘပြည်သူများအနေဖြင့် တစ်တပ်တအားထောက်ကူပေးကြရန်အတွက် တိုက်တွန်းနှိုးဆော်စာအား Department of Financial - DRPA (SGR)က ထုတ်ပြန်ထားသည်။

လှူဒါန်းလိုသော စေတနာရှင်မိဘပြည်သူများအနေဖြင့် အောက်ဖော်ပြပါ Page Messenger မှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရပါသည်။





𝐷𝑒𝑝𝑎𝑟𝑡𝑚𝑒𝑛𝑡 𝑜𝑓 𝐹𝑖𝑛𝑎𝑛𝑐𝑖𝑎𝑙 - 𝐷𝑅𝑃𝐴 - 𝑆𝐺𝑅

"‌ဆောင်းရာသီအတွက် နွေးထွေးမှုကို ရဲဘော်တွေဆီအရောက်ပို့မယ်"

ယခုကာလမှာ အလွန်အေးသော ဆောင်းရာသီသို့ ရောက်ရှိလာပြီဖြစ်တဲ့ အတွက် ကျွန်တော်တို့ Guerrilla Camp ရှိ ရဲဘော်များအတွက် စောင်၊ မိုးကာ၊ ဖိနပ်များ လိုအပ်လျှက်ရှိပါတယ်။

ထပ်တိုးချဲ့နေသော အဆောင်များအတွက် အမိုး(မိုးကာ)လိုအပ်မှုမှာ 

မိုးကာလိပ် (၅၀)လိပ် x  ၃၅,၀၀၀= ၁,၇၅၀,၀၀၀ကျပ်

ရဲဘော်တစ်ဦးလျှင်

ဖိနပ်တစ်ရံ (ခန့်မှန်း) = ၇,၀၀၀ ကျပ်

စောင်       (ခန့်မှန်း) = ၄,၀၀၀ ကျပ်

                             ---------------

တစ်ဦးစာစုစုပေါင်း   = ၁၁,၀၀၀ ကျပ် x ၁၀၀ ဦး = ၁,၁၀၀,၀၀၀ကျပ်

စုစုပေါင်းလိုအပ်ငွေ (၂,၈၅၀,၀၀၀ - နှစ်ဆယ့်ရှစ်သိန်း ငါးသောင်း)ကျပ်တိတိလိုအပ်နေပါတယ်ခင်ဗျာ။

ကျွန်တော်တို့ Guerrilla Camp အဖြစ် ဖော်ဆောင်နိုင်မှုမှာ မိဘပြည်သူများ၏ ပံ့ပိုးမှုကြောင့်သာဖြစ်ပြီး ယခုလည်း ကျွန်တော်ရဲဘော်များအတွက် လိုအပ်သော စောင်၊ဖိနပ်၊မိုးကာများကိုလည်း ထပ်မံအားဖြည့်ကူညီပေးဖို့ တိုက်တွန်းနှိုးဆော်ပါတယ်ခင်ဗျာ။

အလှူရှင်များအနေနှင့် Page Cb သို့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်ခင်ဗျာ။

ဒီပိုစ့်လေးကို Share ပြီး ထောက်ပံ့မယ့်သူ လှူဒါန်းမယ့်သူများကို ကူရှာပေးလို့ရပါတယ်ခင်ဗျာ ။


Department of Information - DRPA

"‌ဆောင်းရာသီအတွက် နွေးထွေးမှုကို ရဲဘော်တွေဆီအရောက်ပို့မယ်" "‌ဆောင်းရာသီအတွက် နွေးထွေးမှုကို ရဲဘော်တွေဆီအရောက်ပို့မယ်" Reviewed by THITHTOOLWIN on 23:18 Rating: 5

No comments:

Powered by Blogger.