မင်းလှမြို့နယ် စည်/ကော် ဥက္ကဌကို စစ်ကောင်စီဖမ်းဆီး


မင်းလှ၊ နိုဝင်ဘာ ၂၉၊ ၂၀၂၁။

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးခင်ထွန်းကို ဒီကနေ့မနက် ၂ နာရီခန့်က သူနေထိုင်ရာ မြောက်ဘက်မြို့သစ် ၆ လမ်းက သူ့အိမ်မှာ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ည ၁၂ ခွဲလောက်က စစ်သားရော၊ ရဲရော၊ အမှတ် ၆ ရက်က အုပ်ချုပ်ရေးမှူးရောပါတယ်။ ရဲစခန်းမှာလား တပ်ထဲမှာ ဘယ်ဖမ်းခေါ်သွားတယ်တော့မသိဘူး။ သူ့မိသားစုတွေကတော့ ရဲစခန်းကို ထမင်းချိုင့်သွားပို့ပေးတာတွေ့တယ်" လို့ မိသားစုနဲ့ ရင်းနှီးသူတဦးကပြောပါတယ်။

ဦးခင်ထွန်းဟာ မင်းလှမြို့နယ် ပြည်သူလူထုရွေးကောက်တင်မြှောက်ထားတဲ့ စည်ပင်သာယာရေးကော်မတီအဖွဲ့ရဲ့ ဥက္ကဌအဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ လွန်ခဲ့တဲ့ ၄ လခန့်က လိုက်လံဖမ်းဆီးနေလို့ တိမ်းရှောင်နေရာမှ မနေ့က အိမ်ကိုခဏပြန်လာစဉ် ဒလန်သတင်းပေးမှုကြောင့် ဖမ်းဆီးခံရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မြေလတ်အသံ - Myaelatt Athan 



မင်းလှမြို့နယ် စည်/ကော် ဥက္ကဌကို စစ်ကောင်စီဖမ်းဆီး မင်းလှမြို့နယ် စည်/ကော် ဥက္ကဌကို စစ်ကောင်စီဖမ်းဆီး Reviewed by THITHTOOLWIN on 18:05 Rating: 5

No comments:

Powered by Blogger.