တာဝေးပစ် GPS ပါ လက်လုပ်ဒုံးများကို KGZ Army ယနေ့ထုတ်ဖော်ပြသ

Photo : KGZ Army

ရန်ကုန်၊ နိုဝင်ဘာ ၁၅

GPS ပါသည့် တာဝေးပစ် လက်လုပ်ဒုံးများ ရောက်ရှိပြီဟု Karenni Generation Z (KGZ Army)က ယနေ့ ထုတ်ဖော်ပြသသည်။

"တစ်မိုင်လောက်အထိ ရောက်နိုင်တယ်။ ပြင်းအားလဲ အထိုက်အသင့်အားကောင်းတယ်။ တိုက်ပွဲ ကြာတာတို့ ပြင်းထန်တဲ့အခါ ဒီဒုံးတွေက သိသာစေလိမ့်မယ်။"ဟု KGZ army မှ တာဝန်ရှိသူတစ်ဦးက လူငယ့်ခေတ်သို့ ပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းကလည်း တော်လှန်ရေးညီအကိုများအတွက်ဟုဆိုကာ ၎င်းတို့တီထွင်ထုတ်လုပ်ထားသည့် AWM Sinper ထုတ်လုပ်မှု မှတ်တမ်းပုံများကို KGZ Army ဖော်ပြခဲ့သေးသည်။

စစ်အာဏာရှင်တော်လှန်ရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်များက လက်လုပ်လက်နက်များကို စမ်းသပ်တီထွင်မှုများ ပြုလုပ်နေပြီး မကြာသေးခင်ကလည်း မုံရွာမြို့ရှိ ပြည်သူ့တပ်ဖွဲ့က လက်နက်ကြီးစမ်းသပ်ထုတ်လုပ်နေကြောင်း ထုတ်ပြန်ခဲ့သကဲ့သို့ တပ်မတော်နည်းပညာတက္ကသိုလ်ဆင်း CDM များကလည်း လက်နက်များထုတ်လုပ်ရန် စီစဉ်နေသည်။


လူငယ့်ခေတ် Lu Nge Khit

တာဝေးပစ် GPS ပါ လက်လုပ်ဒုံးများကို KGZ Army ယနေ့ထုတ်ဖော်ပြသ တာဝေးပစ် GPS ပါ လက်လုပ်ဒုံးများကို KGZ Army ယနေ့ထုတ်ဖော်ပြသ Reviewed by THITHTOOLWIN on 19:08 Rating: 5

No comments:

Powered by Blogger.