မုံရွာ ကညနရုံးကို မဟာမိတ်အဖွဲ့များမှ လက်ပစ်ဗုံး၃လုံးဖြင့် ပစ်ခတ်တိုက်ခိုက်


နိုဝင်ဘာ၁၅၊၂၀၂၁

စစ်ကိုင်းတိုင်း၊မုံရွာမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ကညနရုံးကို မဟာမိတ်အဖွဲ့များဖြစ်သည့် Northwest Plains Revolution Forces,RCV,MYPGနှင့်ယက္ခညီနောင်တို့ မဟာမိတ်အဖွဲ့များမှ ပူးပေါင်းကာ ဒီကနေ့မှာ လက်ပစ်ဗုံး၃လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

ဒီလိုတိုက်ခိုက်ခြင်းပြုလုပ်ရသည်မှာ စစ်ကောင်စီအလိုကျအခွန်ငွေများရှာဖွေပေးခြင်း၊ ပြည်သူ့တော်လှန်ရေးသများများ၏ ကိုယ်ရေးအချက်လက်များပေးခြင်းနှင့် ပြည်သူနှင့်အတူမရပ်တည်သော ရုံးဌာနများကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်သဖြင့် ပြည်သူများ ၎င်းတို့၏ရုံးဌာနများမှရှောင်ကြဉ်သွားကြပါရန် ထုတ်ပြန်ကြေညာချက်ထဲမှာပါရှိသည်။


Regional News Agency -RNA

မုံရွာ ကညနရုံးကို မဟာမိတ်အဖွဲ့များမှ လက်ပစ်ဗုံး၃လုံးဖြင့် ပစ်ခတ်တိုက်ခိုက် မုံရွာ ကညနရုံးကို မဟာမိတ်အဖွဲ့များမှ လက်ပစ်ဗုံး၃လုံးဖြင့် ပစ်ခတ်တိုက်ခိုက် Reviewed by THITHTOOLWIN on 19:03 Rating: 5

No comments:

Powered by Blogger.