မြိုင်မြို့နယ်အတွင်းက CDM ကျောင်းဆရာ ၁ ဦးနဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီကဖမ်းဆီ


မြိုင်၊နိုဝင်ဘာ ၂၈၊ ၂၀၂၁။

မြိုင်မြို့နယ်အတွင်းက CDM ကျောင်းဆရာ ၁ ဦးနဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့  မြိုင်မြို့နယ်အခြေခံပညာသပိတ်ကော်မတီ (BEGSC – Myaing) ဆီကသိရပါတယ်။ 

မကွေးတိုင်း၊မြိုင်မြို့နယ်၊ ကန်နီကျေးရွာက အသက် ၃၀ အရွယ် အထက်တန်းကျောင်းဆရာတစ်ဦးနဲ့ အမျိုးသားတစ်ဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ရက် မနက် ၁၀နာရီလောက်မှာ  ပျူစောထီးအဖွဲ့ဝင်ဆိုသူ ၄ဦးနဲ့ ရဲတပ်သားတစ်ဦးက ဖမ်းဆီးသွားတာဖြစ်တယ်လို့ BEGSC – Myaing ရဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ 

“ ရွာထဲမှာရှိတဲ့ ဆရာ ၁ ယောက်နဲ့ ပြည်သူ ၁ ယောက်ကိုဖမ်းသွာတယ်ဗျ၊ CDMဆရာနဲ့ပြည်သူတစ်ဦးရဲ့ဖုန်းထဲကိုစစ်ပြီး နိုင်ငံရေးနဲ့မကင်းတာတွေရှိတယ်ဆိုပြီး မြိုင်ရဲစခန်းကိုဖမ်းသွားတာပါ ၊အဲဒီကန်နီရွာကပျူစောထီးအားကောင်းတယ်၊  သူ့တို့ရွာထဲမှာတစ်ခြားကလာပြီး အခြေချနေတဲ့ပျုစောထီးတွေရှိတယ်၊ရွာက နဂိုကတည်းကလည်းNLDထောက်ခံသူနည်းတာ၊ CDMဝန်ထမ်းလဲနည်းတယ်၊ “ လို့သူကပြောပါတယ်။ 

ဒါ့အပြင် မြိုင်မြို့နယ်အတွင်းက ကန်နီ၊လက်ယက်မ၊ တောင်ကိုင်း၊ ထန်းတောမ၊ မြောက်ဆည်၊ လယ်တီ၊ပန်းတိုင်းတော စတဲ့ ကျေးရွာသားအများစုလည်း ဖမ်းဆီးခံထားရပြီး အဲ့ဒိထဲမှာအမျိုးသားအများစုပါဝင်ကာ လက်ရှိအချိန်ထိဖမ်းဆီးခံထားရသူ  ၂၀ နီးပါးလောက်ရှိတယ်လို့လည်း  BEGSC – Myaing ရဲ့တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

မြေလတ်အသံ - Myaelatt Athan 

မြိုင်မြို့နယ်အတွင်းက CDM ကျောင်းဆရာ ၁ ဦးနဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီကဖမ်းဆီ မြိုင်မြို့နယ်အတွင်းက CDM ကျောင်းဆရာ ၁ ဦးနဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီကဖမ်းဆီ Reviewed by THITHTOOLWIN on 20:45 Rating: 5

No comments:

Powered by Blogger.