PDF တွေကို သတ်ပြမယ်လို့ ကြိမ်းဝါးခဲ့တဲ့ ပျူစောထီးခေါင်းဆောင် PDF တွေလက်ချက်နဲ့ သေဆုံး


မြောင်၊ နိုဝင်ဘာ ၂၈၊ ၂၀၂၁။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ PDF တွေကို သတ်ပြမယ်လို့ ကြိမ်းဝါးခဲ့တဲ့ ပျူစောထီးခေါင်းဆောင် မောင်ဦးဆိုသူရဲ့ ဦးခေါင်းကို သေနတ် ၂ ချက်ပစ်ရပြီး သေဆုံးခဲ့တယ်လို့  27 Revolution Forces(မြင်းခြံ) အဖွဲ့ရဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

မနေ့က ညနေ ၃ နာရီခန့်က ဦးခေါင်းကို သေနတ်နဲ့ ၂ ချက်ပစ်သတ်ခဲ့တာဖြစ်ပြီး၊ အသတ်ခံရသူ မောင်းဦးမှာ ပျူစောထီးအဖွဲ့တွေနဲ့ပတ်သတ်ပြီး ကာကွယ်ပေးနေတဲ့ ခေါင်းဆောင်ဖြစ်လို့ အခုလို ရှင်းလင်းခဲ့ခြင်းဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ 

"ကျေးရွာအနေနဲ့ မထည့်ချင်ဘူးခင်ဗျ၊ ရွာသားတွေကို ခွေးတွေဝင်ပြီး နှောက်ယှက်မှာစိုးလို့ပါ၊  မြောင်မြို့နယ်အတွင်းမှာဆိုရင် PDF ကင်းသမားတွေနေရာကအစ အတိအကျသိပြီးတော့ ဝင်စီးသွားတာရှိတယ်။ ဒလန်တွေ ပျူစောထီးတွေအားကောင်းအောင် စစ်တပ်ဘက်ကအသိုင်းအဝိုင်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ဒလန်ကြီးကြီးမားမား ပျူစောထီးခေါင်းဆောင် တယောက်အနေနဲ့ လုပ်ဆောင်ပေးနေတာ၊ ဒလန်တွေကို စစ်တပ်နဲ့ချိတ်ဆက်ပေးတဲ့နေရာတွေမှာသူက အသေအချာ လုပ်ဆောင်ပေးနေတာပါ၊ သူ့ကို အတိုနဲ့ပဲပစ်ခဲ့တာပါ၊ ဦးခေါင်းကိုပစ်တာပါ၊ နှစ်ချက်ပစ်သတ်ခဲ့တာပါ " လို့ သူက ပြောပါတယ်။

သတ်ဖြတ်ခံရသူ မောင်းဦးမှာ ကျေးရွာအတွင်းရှိ PDF အဖွဲ့ဝင်အိမ်တွေကိုမီးရှို့ခြင်း၊ PDF ခေါင်းဆောင်တွေကို သတ်ပြမယ်လို့ ကြိမ်းဝါးခြင်းတွေလည်း ပြုလုပ်ခဲ့တယ်လို့ 27 Revolution Forces(မြင်းခြံ) အဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။

မြေလတ်အသံ - Myaelatt Athan

PDF တွေကို သတ်ပြမယ်လို့ ကြိမ်းဝါးခဲ့တဲ့ ပျူစောထီးခေါင်းဆောင် PDF တွေလက်ချက်နဲ့ သေဆုံး PDF တွေကို သတ်ပြမယ်လို့ ကြိမ်းဝါးခဲ့တဲ့ ပျူစောထီးခေါင်းဆောင် PDF တွေလက်ချက်နဲ့ သေဆုံး Reviewed by THITHTOOLWIN on 20:41 Rating: 5

No comments:

Powered by Blogger.