ကျွန်းလှမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းတွင် အမျိုးသမီးစစ်သည် ၃၀ ခန့်ပါဝင်လာ

ဇေယျာတိုင်း၊ နိုဝင်ဘာ ၂၈

စစ်ကိုင်းတိုင်း ကျန်းလှမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းတစ်ခုမှာ အမျိုးသမီးစစ်သည် ၃၀ဦးခန့် ပါဝင်လာကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၂၇ရက် ယမန်နေ့က စစ်ကိုင်းတိုင်းကောလင်းမြို့နယ် ပန်းမရဲကျေးရွားနဲ့ ပေတပင်ကျေးရွာတို့မှထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းတစ်ခုဟာ ကန့်ဘလူမြို့နယ် လက်ခုပ်ပင်ကျေးရွာတွင် ယမန်နေ့က စခန်းချခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာ ၂၈ရက် ဒီကနေ့မှာတော့ ကန့်ဘလူမြို့နယ် လက်ခုပ်ပင်ကျေးရွာမှာစခန်းချပြီးနောက် ယနေ့မနက်ပိုင်း ၁၁နာရီခန့်မှာ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်မြောက်ခြမ်းရှိ လွှတ်တိုက်ရွာကို အမျိုးသမီးစစ်သည်များ အပါအဝင်စုပေါင်းအင်အား၁၇၀ ဝန်းကျင်ခန့် ဝင်ရောက်နေပြီဖြစ်ကြောင်းသိရှိရသည်။

"ယနေ့(28.11.2021) မနက် ၁၁:၀၀နာရီခန့်မှာအင်အား ၁၇၀ ကျော်ဖြင့် ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည် မြောက်ဘက်ခြမ်းရှိ လွှတ်တိုက်ကျေးရွာသို့ ဝင်ရောက်နေပါပြီ (စခတွေထဲမှာ အမျိုးသမီးစစ်သည် ၃၀ခန့်ပါဝင်)"လို့ 2021 Spring ကထုတ်ပြန်ထားသည်။

လွှတ်တိုက်ကျေးရွာမှ ရွာသူ၊ ရွာသား အတော်များများ ကြောက်လန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရှိရသည်။

Zayartime Media-ဇေယျာတိုင်း မီဒီယာ

ဓာတ်ပုံ - စကစစစ်တပ်မှ အမျိုးသမီးစစ်သည်တစ်ဦး

ကျွန်းလှမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းတွင် အမျိုးသမီးစစ်သည် ၃၀ ခန့်ပါဝင်လာ ကျွန်းလှမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းတွင် အမျိုးသမီးစစ်သည် ၃၀ ခန့်ပါဝင်လာ Reviewed by THITHTOOLWIN on 20:49 Rating: 5

No comments:

Powered by Blogger.