CDM လုပ်ပြီး ရုံးပြန်တက်တဲ့ ဝန်ထမ်းတွေကို စောင့်ကြည့်ဖို့ စစ်ကောင်စီ ညွှန်ကြား


မော်လမြိုင် ၊ နိုဝင်ဘာ (၂၄)

CDM လုပ်ပြီး ရုံးပြန်တက်နေတဲ့ ဝန်ထမ်းတွေရဲ့ လှုပ်ရှားသွားလာမှုတွေကို နေ့စဉ် စောင့်ကြည့်ပြီး အစီရင်ခံစာ တင်ပြပေးဖို့ စစ်ကောင်စီက ညွှန်ကြားခဲ့ပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ ဌာနအတွင်းအရေးကြီးသတင်းတွေကို CDM လုပ်ပြီး ရုံးပြန်တက်နေကြတဲ့ ဝန်ထမ်းတွေက NUG အစိုးရနဲ့ဆက်စပ်အဖွဲ့အစည်းတွေထံ ဆက်သွယ်သတင်းပေးတာ၊ ငွေကြေးထောက်ပံ့တာတွေ လုပ်ဆောင်နေတယ်လို့ သတင်းရရှိထားတာ ဖြစ်ပါတယ်။

ဒါကြောင့် CDM လုပ်ပြီး ရုံးပြန်တက်နေကြတဲ့ ဝန်ထမ်းတွေရဲ့ သွားလာနေထိုင်မှုအခြေအနေတွေကို နေစဉ် စောင်ကြည့်ပြီး အစီရင်ခံစာ တင်ပြပေးဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ရုံးပြန်တက်တဲ့ ဝန်ထမ်းတွေကို စောင့်ကြည့်ဖို့အတွက် စစ်ကောင်စီက သူတို့ ယုံကြည်စိတ်ချရတဲ့ Non CDM ဝန်ထမ်းတွေနဲ့ စစ်အုပ်စု ထောက်ခံတဲ့ ဝန်ထမ်းတွေကို အဓိက တာဝန်ပေးအပ်ထားတာ ဖြစ်ပါတယ်။

ဒ့ါအပြင် ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း CDM လုပ်ပြီး ရုံးပြန်တက်နေတဲ့ ဝန်ထမ်းတွေကို ဌာနအတွင်းအရေးကြီးသတင်းနဲ့ ဆက်စပ်တဲ့ အစည်းအဝေးတွေကို တက်ရောက်ခွင့်မပြုကြဖို့ စစ်ကောင်စီက ညွှန်ကြားထားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ညွှန်ကြားချက်တွေကြောင့် CDM လုပ်ပြီး ရုံးပြန်တက်နေတဲ့ ဝန်ထမ်းတွေနဲ့ Non CDM ဝန်ထမ်းတွေ အချင်းချင်းအကြားမှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်ပေါ်နေပါတယ်။

သတင်း - သံလွင်တိုင်းမ် / Than Lwin Times 

CDM လုပ်ပြီး ရုံးပြန်တက်တဲ့ ဝန်ထမ်းတွေကို စောင့်ကြည့်ဖို့ စစ်ကောင်စီ ညွှန်ကြား CDM လုပ်ပြီး ရုံးပြန်တက်တဲ့ ဝန်ထမ်းတွေကို စောင့်ကြည့်ဖို့ စစ်ကောင်စီ ညွှန်ကြား Reviewed by THITHTOOLWIN on 10:56 Rating: 5

No comments:

Powered by Blogger.