ဇီးကုန်းမြို့တွင် ဗုံးတွေ့ ရဲနှင့်စစ်သားများကသေနတ်ဖြင့်ပစ်ခွဲ


ဇီးကုန်း၊ နိုဝင်ဘာ ၂၄

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာ၀တီခရိုင်၊ ဇီးကုန်းမြို့တွင် ခြံရှင်းရာက ဗုံးတွေ့ရှိခဲ့ပြီး ရဲနှင့်စစ်သားများက သေနတ်ဖြင့်ပစ်ခွဲ ခဲ့ကြောင်း မြို့ခံများထံကသိရသည်။

ဇီးကုန်းမြို့၊ အမှတ်(၄) ရပ်ကွက်, ကျွန်းတောရွာမကွက်သစ် တွင် နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ(၅) နာရီခန့်က ခြံရှင်းရာက ဗုံးတွေ့ရှိခဲ့မှုကြောင့် ရဲတပ်ဖွဲ့အား အကြောင်းကြားခဲ့ရာ လာရောက်သေနတ်ဖြင့် ပစ်ခွဲခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။ 

“တွေ့တာဟုတ်တယ် ခြံရှင်းရင်း မြက်တွေထဲတွေ့တာ သူတို့ကကြောက်တော့ ရဲတပ်ဖွဲ့ကို အကြောင်းကြားလိုက်တာ စစ်တပ်နဲ့လာပြီး အနားမကပ်ပဲ သေနတ်နဲ့ပစ်ခွဲလိုက်တာ။ ဖမ်းတာဆီးတာမရှိပါဘူး” ဟု မြို့ခံတစ်ဦးကပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ ရက်နေ့ နေ့လယ်ပိုင်းကလည်း အမှတ်(၅) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အား ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မြို့ခံများထံကသိရသည်။

မြေလတ်အသံ - Myaelatt Athan 

ဇီးကုန်းမြို့တွင် ဗုံးတွေ့ ရဲနှင့်စစ်သားများကသေနတ်ဖြင့်ပစ်ခွဲ ဇီးကုန်းမြို့တွင် ဗုံးတွေ့  ရဲနှင့်စစ်သားများကသေနတ်ဖြင့်ပစ်ခွဲ Reviewed by THITHTOOLWIN on 20:20 Rating: 5

No comments:

Powered by Blogger.