ကန့်ဘလူ၌ CDM ကျောင်းဆရာနှင့် NLD ပါတီဝင်တို့ကို လာရှာစဉ်မတွေ့သဖြင့် ကားတစ်စီး ယူဆောင်သွား


နိုဝင်ဘာ - ၂၅ 

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် တောက္ကရှပ်ကျေးရွာသို့ စစ်ကောင်စီအဖွဲ့ဝင်များက CDM ကျောင်းဆရာတစ်ဦးနှင့် NLD ပါတီဝင်တစ်ဦးတို့ကို နိုဝင်ဘာလ (၂၃)ရက်နေ့က လာရောက်ရှာဖွေရာ မတွေ့သဖြင့် ကားတစ်စီး ယူဆောင်သွားကြာင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၏ စစ်ရေးသတင်းအကျဉ်းချုပ်၌ ဖော်ပြထားသည်။ 

CDM ကျောင်းဆရာ ဦးရာဇာထွန်းနှင့် NLD ပါတီဝင် ဦးမြင့်စိုးတို့ကို စစ်ကောင်စီအင်အား (၂၅)ဦးဖြင့် လာရောက်ရှာဖွေခဲ့ခြင်းဖြစ်ပြီး လူမတွေ့သဖြင့် ဦးမြင့်စိုး၏ နေအိမ်မှ ကလူဂါ  အမျိုးအစား ကားတစ်စီးကို ယူဆောင်သွားကြောင်း ယင်းဖော်ပြချက်၌ ပါရှိသည်။ 

" ဦးမြင့်စိုးက သူက ပါတီဝင်လေ။ အရင် စည်းရုံးရေးမှူးဆိုလားလုပ်တယ်။ လာရှာကြတာ မိတော့မသွားဘူး။ ဆရာလည်း မမိသွားဘူး။ ကျန်တာတော့ မသိဘူးဗျ။ သူတို့ (စစ်တပ်)က ဒီလိုပဲ ရွာလှည့်ကင်းနဲ့ ဝင်နေကြပါ " ဟု  တောက္ကရှပ်ရွာ ဒေသခံတစ်ဦးက ဆိုသည်။ 

စစ်ကောင်စီကို ခုခံတွန်းလှန်မှုအားကောင်းသည့် စစ်ကိုင်းတိုင်းအတွင်းမှ တောက္ကရှပ်ကျေးရွာသည်လည်း အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်များကို ပြုလုပ်ခဲ့ပြီး ဦးဆောင်သူအချို့ အဖမ်းခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။ 


Mandalay Free Press - MFP

ကန့်ဘလူ၌ CDM ကျောင်းဆရာနှင့် NLD ပါတီဝင်တို့ကို လာရှာစဉ်မတွေ့သဖြင့် ကားတစ်စီး ယူဆောင်သွား ကန့်ဘလူ၌ CDM ကျောင်းဆရာနှင့် NLD ပါတီဝင်တို့ကို လာရှာစဉ်မတွေ့သဖြင့် ကားတစ်စီး ယူဆောင်သွား Reviewed by THITHTOOLWIN on 20:06 Rating: 5

No comments:

Powered by Blogger.