အရာတော်၌ ရဲကင်း သန့်ရှင်းရေးလုပ်ရန် ဖမ်းဆီးခေါ်ဆောင်ခံရသူကို ထွက်ပြေးသည်ဟုဆိုပြီး ပစ်သတ်


နိုဝင်ဘာ - ၂၅ 

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် သလဲဘာကျေးရွာ၌ ရဲကင်းသန့်ရှင်းရေးလုပ်ရန် ဖမ်းဆီးခေါ်ဆောင်ခံရသူကို ထွက်ပြေးသည်ဟုဆိုကာ ပစ်သတ်လိုက်ကြောင်း ဒေသခံများက ပြောဆိုသည်။ 

ကုန်စုံဆိုင်ဖွင့်လှစ်ထားသူ ကိုမင်းနိုင်နှင့် အခြားရွာသားတစ်ဦးကို NLD ပါတီ မဲဆွယ်စည်းရုံးစဉ်က ထောက်ခံပါဝင်သည်ဟုဆိုကာ စကစနှင့် ပျူစောထီးတို့က နိုဝင်ဘာလ (၂၃)ရက် နံနက်ပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အရာတော် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။  

ယင်းနောက် ရဲကင်းသန့်ရှင်းရေးပြုလုပ်ခိုင်းရာ ကိုမင်းနိုင်က မလုပ်နိုင်ဟု ငြင်းဆန်ပြီး ရဲကင်းအနီး မူးမြစ်အတွင်းသို့ ခုန်ချထွက်ပြေးရာ တစ်ဖက်ကမ်းတွင် စကစနှင့် ပျူစောထီးတို့က အသေပစ်သတ်လိုက်ခြင်း ဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ 

" ကိုမင်းနိုင် ပစ်ခံရတာ ဟုတ်ပါတယ်။ သင်္ဂြိုလ်ပြီးပြီရှင့် " ဟု သလဲဘာရွာခံတစ်ဦးက ပြောသည်။ 

ပစ်သတ်ခံရပြီးနောက် အလောင်းလာယူလျှင် ပစ်သတ်မည်ဟုလည်း ခြိမ်းခြောက်ပြောဆိုသဖြင့် ရွာက တောင်းပန်ကာ သင်္ဂြိုလ်ခဲ့ရကြောင်းလည်း သိရသည်။ 

စကစနှင့် ပျူစောထီးတို့သည် ကိုမင်းနိုင်ကို ပစ်သတ်ပြီးနောက် ၎င်း၏ ဈေးဆိုင်မှ အရက်၊ ဘီယာတို့အပါအဝင် အခြားပစ္စည်းများကို ယူဆောင်သွားကြသည်ဟုလည်း ဒေသခံတို့ထံမှ သိရှိရသည်။ 


Mandalay Free Press - MFP

အရာတော်၌ ရဲကင်း သန့်ရှင်းရေးလုပ်ရန် ဖမ်းဆီးခေါ်ဆောင်ခံရသူကို ထွက်ပြေးသည်ဟုဆိုပြီး ပစ်သတ် အရာတော်၌ ရဲကင်း သန့်ရှင်းရေးလုပ်ရန် ဖမ်းဆီးခေါ်ဆောင်ခံရသူကို ထွက်ပြေးသည်ဟုဆိုပြီး ပစ်သတ် Reviewed by THITHTOOLWIN on 20:04 Rating: 5

No comments:

Powered by Blogger.