ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ တင်ဒါလျှောက်ထားသူ ၅၀ ရာခိုင်နှုန်းရှိဟုဆို


နိုဝင်ဘာ ၂၅၊

အာဏာသိမ်းစစ်ကောင်စီတက်လာပြီး ပထမဆုံးအကြိမ်ခေါ်ယူတဲ့ ၂၀၂၁-၂၀၂၂ ကြားကာလ ဘဏ္ဍာရေးမှာ ချင်းပြည်နယ်တွင် တင်ဒါလျှောက်သူ ၅၀ ရာခိုင်နှုန်းလောက်ရရှိပြီး တိုက်ပွဲဖြစ်ပွားမှုမရှိတဲ့ ဒေသတွေက လုပ်ငန်းအားလုံးနီးပါးလျှောက်ထားကြတယ်လို့ ချင်းပြည်နယ် ဝန်ထမ်းတစ်ဦးထံကနေ သတင်းရရှိထားပါတယ်။

ကြားကာလ ဘဏ္ဍာရေးနှစ်ဆိုတာ ၂၀၂၁ အောက်တိုဘာလ ကနေ ၂၀၂၂ ခုနှစ် မတ်လကုန်အထိဖြစ်ပါမယ်။ NLD အစိုးရလက်ထက်က ပြင်ဆင်ထားတဲ့ ဘာဏ္ဍာရေးနှစ်ကိုပြောင်းလဲကာ အရင်က ဦးသိန်းစိန်အစိုးရလက်ထက်ကျင့်သုံးခဲ့တဲ့ ဧပြီလကနေ မတ်လအထိ ဘဏ္ဍာရေးစနစ်ကိုပြန်လည်ကျင့်သုံးမှာဖြစ်တယ်။

ဟားခါးမြို့ ဝန်ထမ်းတစ်ဦးက “ပလက်ဝ၊ တီးတိန်၊ တွန်းဇံ၊ ဖလမ်းမြို့နယ်က တင်ဒါအားလုံးနီးပါးလျှောက်ကြတယ်။ ကျန်မြို့နယ်တွေကတော့ ၅၀ ရာခိုင်နှုန်းလောက်လျှောက်လာကြတယ်။ လုပ်ငန်းကတော့ ကျေးလက်လည်းပါတယ်။ နတလဆိုရင် အများကြီးပဲ။ အခုတော့ ဗမာကုမ္မဏီတွေမလာတော့ဘူး။ တိုက်ပွဲမဖြစ်တဲ့ အဆင်ပြေတဲ့လုပ်ငန်းတွေဆို လုနေကြတယ်” လို့ပြောပါတယ်။

အခု တင်ဒါခေါ်နေတဲ့ထဲမှာ လုပ်ငန်းတန်ဖိုးအများဆုံးက ကျပ်သန်း ၅၀၀ အထိရှိပါတယ်။ ဇူလိုင်လတုန်းက CDF-Hakha က အောက်တိုဘာလကနေစတင်မယ့် အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ငန်းတွေဆက်လက်လုပ်ကိုင်တဲ့ ကုမ္မဏီနဲ့အဖွဲ့အစည်းတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ သတိပေးစာထုတ်ပြန်ခဲ့တယ်။


𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬

ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ တင်ဒါလျှောက်ထားသူ ၅၀ ရာခိုင်နှုန်းရှိဟုဆို ချင်းပြည်နယ်တွင် စစ်ကောင်စီ၏ တင်ဒါလျှောက်ထားသူ ၅၀ ရာခိုင်နှုန်းရှိဟုဆို Reviewed by THITHTOOLWIN on 20:08 Rating: 5

No comments:

Powered by Blogger.