ဖယ်ခုံမြို့ ညောင်ကုန်း၃ကျေးရွာက ဒေသခံတစ်ဦး ဖမ်းဆီးခံရ


ရှမ်း-ကယားနယ်စပ် ဖယ်ခုံမြို့ ညောင်ကုန်း၃ကျေးရွာက ဒေသခံတစ်ဦးရဲ့ နေအိမ်ကို စစ်ကောင်စီက ဒီကနေ့ နိုဝင်ဘာလ ၁၅ရက်နေ့မှာ ဝင်ရောက်ဖမ်းဆီးသွားတယ်လို့  ဖယ်ခုံ PDF  တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ 

ဖမ်းဆီးခံရသူဟာ ညောင်ကုန်၃ ရွာနေ ကိုညီခင်ဖြစ်ပြီး စစ်သားအင်အား ၅၀ ကျော်အသုံးပြုဖမ်းဆီးခဲ့တယ်လို့ လည်းဆိုပါတယ်။ 

လက်ရှိအချိန်အထိ သူ့ရဲ့ အခြေအနေကို မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

"မနက်ပိုင်း သူ့အိမ်ကို ရောက်လာပြီးတော့ စစ်တပ်တွေ ရောက်လာပြီးတော့ သူ့အိမ်ကိုလည်း ဖျက်စီးတယ်။ ပြီးတော့ လူကိုလည်း ခေါ်သွားတယ်လို့ ကြားတယ်ဗျ။" လို့ ဖယ်ခုံ PDF ကတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

လက်ရှိအချိန်ထိ ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ဒေသခံ ဦးရေဟာ စာရင်းအရ  ၂၃ဦးခန့် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ရှောင်တွေကို ကူညီနေတဲ့အတွက် ဒလန်ရဲ့ သတင်းပေးမှုနဲ့ ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ 

ဖယ်ခုံမှာ ဖယ်ခုံ PDF ပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတို့ နိုဝင်ဘာလ၂ရက်နေ့ကနေ ၈ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပြီး ဒေသခံ တစ်သောင်းကျော် စစ်ဘေးရှောင်နေခဲ့ရပါတယ်။ လက်ရှိမှာလည်း စစ်ကောင်စီက ဖယ်ခုံကို ထိုးစစ်ဆင်နေတာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။


ကန္တာရဝတီတိုင်း(မ်) Kantarawaddy Times 

ဖယ်ခုံမြို့ ညောင်ကုန်း၃ကျေးရွာက ဒေသခံတစ်ဦး ဖမ်းဆီးခံရ ဖယ်ခုံမြို့ ညောင်ကုန်း၃ကျေးရွာက ဒေသခံတစ်ဦး ဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 19:24 Rating: 5

No comments:

Powered by Blogger.