မြောင်က နာမည်ကြီးဒလန်ဆိုသူကို အမျိုးသမီးပြောက်ကျား စစ်သည်တော်များအဖွဲ့(မြောင်)က ပညာပေးဆုံးမခဲ့



စစ်ကိုင်း၊ နိုဝင်ဘာ ၁၅၊ ၂၀၂၁။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ချောင်းဆင်းကျေးရွာက နာမည်ကြီးဒလန်တင့်ဆွေဆိုသူကို အမျိုးသမီးပြောက်ကျား စစ်သည်တော်များအဖွဲ့(မြောင်)က ဒီကနေ့ နေ့လည် ၁ နာရီခန့်က ပညာပေးဆုံးမခဲ့ကြောင်း PDF နဲ့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ချောင်းဆင်းကျေးရွာက ဒေသခံတွေ အိုးပစ်အိမ်ပစ် ပြေးလွှားရင်းနေကြရပြီး၊ အဲ့ရွာက ဒလန်ရဲ့ မတရားသတင်းပေးလို့ ၄ လပိုင်း ၂၂ ရက်တွင် ချောင်းဆင်းပြည်သူ့ကာကွယ်ရေးစခန်းကို စစ်ကောင်စီက ဝင်ရောက်စီးနှင်း မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရသလို စီးနင်းခံရလို့ ပြည်သူ့ကာကွယ်ရေးမှ တပ်ဖွဲ့ဝင် ၆ ဦး မတရားဖမ်းဆီးခံခဲ့ရတယ်လို့ PDF နဲ့ နီးစပ်သူ ဒေသခံတဦးက ပြောပါတယ်။

၉ လပိုင်း ၆ ရက်၊ စစ်ကောင်စီတွေ ဝင်ရောက်စီးနင်းလို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၉ လပိုင်း၈ ရက်တွင် ရွာရှိလူငယ် ၉ ဦး မတရားဖမ်းဆီးခံရကာ အခုချိန်အထိ လွတ်မြောက်သေးကြောင်းနဲ့ အဲဒီလို လုပ်ဆောင်နေတာ ရပ်တန့်ရန် သတိပေးတဲ့အနေနဲ့ အမျိုးသမီးပြောက်ကျား စစ်သည်တော်များအဖွဲ့(မြောင်)ကဒလန်အိမ်အား ပညာပေးဆုံးမခဲ့တာလို့ သိရပါတယ်။

"သူ့ကြောင့်ပဲ ကျေးရွာအတွင်းက ပြည်သူတွေ အိုးပစ်အိမ်ပစ်နဲ့ ရွာလုံးကျွတ် ထွက်ပြေးပြီး တိမ်းရှောင်ကြရတယ်။ မဟုတ်မမှန်တဲ့သတင်းတွေကို စကစဆီပို့တယ်။ လက်ရှိ သူ့အိမ်ကနေ ရှောင်နေတယ်။ သူ့အိမ်ကိုသွားပြီးအိုးခွက်ပန်းကန်တွေ ပြန့်ကျဲထားခဲ့တယ်၊ ပစ္စည်းအနည်းအငယ်ကို ထုချေခဲ့တာမျိုးတွေ လုပ်ခဲ့တယ်။ ပစ်ခတ်တာတွေ မလုပ်ခဲ့ပါဘူး။ပညာပေးတဲ့သဘောပါပဲ။" လို့ အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့မှ အဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။

အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့(မြောင်) အနေနဲ့ စစ်ကောင်စီထောက်တိုင်မှန်သမျှကို ရှင်းလင်းချေမှုန်းတာတွေ၊ ပညပညာပေးဆုံးတာတွေကို အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ အမျိုးသမီးပြောက်ကျားစစ်သည်တော်များအဖွဲ့(မြောင်)က ထုတ်ပြန်ထားပါတယ်။

မြေလတ်အသံ






မြောင်က နာမည်ကြီးဒလန်ဆိုသူကို အမျိုးသမီးပြောက်ကျား စစ်သည်တော်များအဖွဲ့(မြောင်)က ပညာပေးဆုံးမခဲ့ မြောင်က နာမည်ကြီးဒလန်ဆိုသူကို အမျိုးသမီးပြောက်ကျား စစ်သည်တော်များအဖွဲ့(မြောင်)က ပညာပေးဆုံးမခဲ့ Reviewed by THITHTOOLWIN on 05:23 Rating: 5

No comments:

Powered by Blogger.