လှိုင်သာယာမြို့နယ်က ကစင်အုပ်ချုပ်ရေးမှူတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံ၍ သေမသေမသိရသေး



(နိုဝင်ဘာလ ၁၃ ရက်)

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်(အရှေ့ပိုင်)၊ ကစင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဒီကနေ့ နံနက်(၁၁:၃၀)ဝန်းကျင်ခန့်က စစ်ကောင်စီတပ်စွဲထားသော မိုးလုံလေလုံအားကစားရုံ မလှမ်းမကမ်းတွင် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ခံရသူသည် ကစင်အုပ်ချုပ်ရေးမှူး ကိုထက် ဆိုသူဖြစ်ပြီး ၎င်း၏ တပည့်ဖြစ်သူများနှင့်အတူ ကားဖြင့်ပြန်လာစဉ် ကနောင်မင်းသားကြီးလမ်း စစ်ကောင်စီတပ်စွဲထားသော မိုးလုံလေလုံအားကစားရုံ မလှမ်းမကမ်းရှိ မော်ဒန်(KTV-2) အနီးတွင် ပစ်ခတ်ခံခဲ့ရကြောင်းသိရှိရပါသည်။

၎င်းပစ်ခတ်မှုအား လှိုင်သာယာမြို့နယ် ဒလန်ရှင်းလင်းရေးအဖွဲ့က သတင်းကြိုရ၍ စောင့်ကြို ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ရပ်ကွက်အတွင်း အလွန်ဆိုးရွားသော အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ခါ ဘယ်သွားသွား လက်နတ်ကိုင်အစောင့်တွေနဲ့ ပြည်သူများအားဖိနှိပ်တာ၊ ဖမ်းဆီးတာတွေလုပ်ဆောင်နေသောကြောင်း ပစ်ခတ်ခဲ့တာလို့ အဖွဲ့၏ တာဝန်ရှိသူတစ်ဦးကဆိုပါသည်။

ပစ်ခတ်မှုဖြစ်ပွားအပြီး စစ်ကောင်တပ်ဖွဲ့ဝင်များ မိနစ်(၃၀)အကြာရောက်ရှိလာခဲ့ပြီး ပစ်ခတ်ခံရသော အုပ်ချုပ်ရေးမှူးကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရှိရပါသည်။ 


HTY Information III

လှိုင်သာယာမြို့နယ်က ကစင်အုပ်ချုပ်ရေးမှူတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံ၍ သေမသေမသိရသေး လှိုင်သာယာမြို့နယ်က ကစင်အုပ်ချုပ်ရေးမှူတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံ၍ သေမသေမသိရသေး Reviewed by THITHTOOLWIN on 16:30 Rating: 5

No comments:

Powered by Blogger.