ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အခမဲ့ကွန်ပျူတာသင်တန်းကျောင်းနှင့် စာကြည့်တိုက် မီးရှို့ခံရ



ပုပ္ပါး၊ နိုဝင်ဘာ ၁၃၊ ၂၀၂၁။

မ‌န္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပါးမြို့တွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ဖွင့်လှစ်ထားသော အခမဲ့ကွန်ပျူတာသင်တန်းကျောင်းနှင့် စာကြည့်တိုက်အား နိုဝင်ဘာလ ၁၂ ရက် ညနေပိုင်းက မီးရှို့ဖျက်ဆီးခံရကြောင်းဒေသခံများထံမှ သိရသည်။



မီးရှို့ခံရမှုကြောင့် သင်တန်းကျောင်းနှင့် စာကြည့်တိုက်တွင်ရှိသော ပရိဘောကပစ္စည်းများ၊ စာရွက်စာတန်းများ၊ စာအုပ်များ အကုန်ပျက်ဆီးသွားခဲ့ပြီး ညနေ ၅နာရီဝန်းကျင်တွင် မီးစတင်ငြိမ်းသတ်ခဲ့ပြီး ၆ နာရီခန့်တွင် မီးညွှန့်ကျိုးသွားခဲ့သည်ဟု ဒေသခံတဦး ပြောသည်။



"မီးရှို့သွားတာ ဘယ်အဖွဲ့အစည်းကမှန်းမသိရ‌သေးပါဘူး။ ခုအချိန်မှာ မီးရှို့ဖျက်ဆီးလုယက်မှု‌တွေလုပ်နေတာကတော့ စစ်ကောင်စီအဖွဲ့နဲ့ ပျူစောထီးတွေက လုပ်နေတာများပါတယ်။ ခုမီးရှို့သွားတာလည်း အဲဒီအဖွဲ့တွေဘဲဖြစ်ဖို့များပါတယ်" ဟုဒေသခံတဦးကပြောသည်။

မြေလတ်အသံ - Myaelatt Athan 

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အခမဲ့ကွန်ပျူတာသင်တန်းကျောင်းနှင့် စာကြည့်တိုက် မီးရှို့ခံရ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အခမဲ့ကွန်ပျူတာသင်တန်းကျောင်းနှင့် စာကြည့်တိုက် မီးရှို့ခံရ Reviewed by THITHTOOLWIN on 16:35 Rating: 5

No comments:

Powered by Blogger.