တန့်ဆည်မြို့ပေါ်အနီးတဝိုက် ပေါက်ကွဲမှုဖြစ်ပွား၊ ကျေးရွာတွေဘက်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရသူ‌‌တွေရှိ


စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်အတွင်းက ကျေးရွာတွေဘက်မှာ စစ်ကောင်စီဘက်က ဒီနေ့ နို၀င်ဘာ ၂၀ ရက် မနက် အစောပိုင်းက လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ပကာရွာအနီးတဝိုက်က ရွာခံတွေ ထွက်ပြေး တိမ်းရှောင်‌ နေရပါတယ်။

အဲဒီလို ထွက်ပြေးတိမ်းရှောင်တဲ့သူတွေထဲက အနည်းဆုံးလူငယ် (၃)ဦးခန့်ဟာ ကျောလည်၊ ကဘဲရွာတွေဘက်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ညနေ (၃)နာရီခွဲလောက်မှာ ကျောလည်၊ ကဘဲရွာအနီးမှာ ပစ်ခတ်မှုတချို့ရှိခဲ့တယ်လို့လည်း သိရပေမယ့် ဘယ်သူတွေက ပစ်ခတ်တယ်၊ ဘာကြောင့်ပစ်ခတ်တယ်ဆိုတာတော့ အသေးစိတ်ကို တိတိကျကျမသိရသေးပါဘူး။

“အဲ့ဒီရွာတွေထဲက စစ်ကောင်စီထောက်ခံသူများတယ်၊ လူငယ်တွေကို ဒေသကာကွယ်ရေးဆိုပြီး ဖမ်းထားတယ်လို့ ကြားတာပဲ၊ အဲဒါနဲ့ ဒေသကာကွယ်ရေးဘက်ကလူကယ်လို့ရမလားဆိုပြီး သွားခဲ့သေးတယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က ကျောလည်ရွာမှာ အင်အားအများကြီးရှိနေတော့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုမရှိခဲ့ဘူးလို့ သိထားတယ်။”လို့ တန့်ဆည်ဒေသခံတဦးက ဘီဘီစီကိုပြောပါတယ်။

ဒါ့အပြင် တန့်ဆည်မြို့ပေါ်မှာလည်း လဝကရုံးအနီးပေါက်ကွဲမှုတချို့ရှိခဲ့တာကြောင့် စစ်ကောင်စီဘက်က လုံခြုံရေးတင်းကျပ်ကာ ပစ်ခတ်တာတွေလည်းရှိတယ်လို့ သိရပါတယ်။ ကာဘိုးရွာဘက်က လာတဲ့ စစ်ကောင်စီယာဉ်ကိုလည်း တန့်ဆည်မြို့နယ်အတွင်းမိုင်းခွဲခဲ့ပြီး သေဆုံးသူတချို့ရှိတယ်လို့ သိရပေမယ့် ဘီဘီစီဘက်က သီးခြားအတည်မပြုနိုင်ခဲ့ပါဘူး။

လက်ရှိမှာတော့ တန့်ဆည်မြို့နယ်အတွင်း စစ်ကောင်စီဘက်ကအင်အားတိုးချဲ့ထားပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့တော့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေမရှိသေးပါဘူး။

BBC Burmese

တန့်ဆည်မြို့ပေါ်အနီးတဝိုက် ပေါက်ကွဲမှုဖြစ်ပွား၊ ကျေးရွာတွေဘက်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရသူ‌‌တွေရှိ  တန့်ဆည်မြို့ပေါ်အနီးတဝိုက် ပေါက်ကွဲမှုဖြစ်ပွား၊  ကျေးရွာတွေဘက်မှာလည်း ထွက်ပြေးတိမ်းရှောင်နေရသူ‌‌တွေရှိ Reviewed by THITHTOOLWIN on 05:15 Rating: 5

No comments:

Powered by Blogger.