ဦးဖြိုးဇေယျာသော် ဖမ်းမိမှု နောက်ဆက်တွဲ လက်နက်ရာချီနဲ့ လုပ်ကြံသတ်ဖြတ်မှုစာရင်း သိမ်းဆည်းမိတယ်လို့ဆို


ရန်ကုန်မြို့ကနေ ဦးဖြိုးဇေယျာသော်ကို ဖမ်းမိမှုကနေ တစ်ဆင့် လက်နက်မျိုးစုံ ရာချီ သိမ်းမိခဲ့တယ်လို့ စစ်ကောင်စီ ရုပ်သံမီဒီယာတွေ ကြေညာပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့တွင်း ဖောက်ခွဲဖျက်ဆီးရေး ပြုလုပ်မယ့် စာရင်းတွေနဲ့အတူ လုပ်ကြံသတ်ဖြတ်မယ့် စာရင်းပြုလုပ်ထားတဲ့ မှတ်တမ်းစာအုပ်တွေကို သိမ်းဆည်းရမိတယ်လို့လည်း သတင်းမှာ ဖော်ပြသွားပါတယ်။

အန်အယ်လ်ဒီ အမတ် ဦးဖြိုးဇေယျာသော်ကို ရန်ကုန်မြို့က တိုက်ခိုက်မှုတချို့နဲ့ ပတ်သက်နေတယ်ဆိုပြီး စစ်ကောင်စီက သူ့ကို ဖမ်းဆီးမမိခင်ကတည်းက စွပ်စွဲမှုတွေ ပြုလုပ်ထားပြီး အခုအခါမှာသူ့ရဲ့ ထွက်ဆိုချက်အရ လုပ်ကြံသတ်ဖြတ်မယ့် စာရင်းတွေကို သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ဦးဖြိုးဇေယျာသော်နဲ့ NUG၊CRPH တို့ကိုအကြမ်းဖက်မှုတွေနဲ့ပတ်သက်နေတယ်လို့ စစ်ကောင်စီဘက်က တောက်လျှောက် ပြောဆိုနေတာ ဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ NUG က တာဝန်ရှိသူတွေကတော့ အဲဒီလို လုပ်ကြံမယ့် စာရင်းမျိုးမရှိဘူးလို့ ငြင်းဆိုထားကြပြီး ဖြစ်ပါတယ်။

လက်နက်တွေ သိမ်းဆည်းရမိမှုမှာ လက်နက်ငယ်မျိုးစုံ ၉၃ လက်၊ လက်လုပ် ပစ္စတို ၁၂၈ လက်နဲ့ ခဲယမ်းမျိုးစုံ တစ်သောင်းကျော် ရှိတယ်လို့ ဆိုပြီး အဲဒီလက်နက်တွေကို ရန်ကုန်မြို့က နေအိမ် ၂၀ လောက်မှာ ဝင်ရောက် ရှာဖွေ ဖမ်းဆီးမိခဲ့တာ ဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

BBC Burmese

ဦးဖြိုးဇေယျာသော် ဖမ်းမိမှု နောက်ဆက်တွဲ လက်နက်ရာချီနဲ့ လုပ်ကြံသတ်ဖြတ်မှုစာရင်း သိမ်းဆည်းမိတယ်လို့ဆို  ဦးဖြိုးဇေယျာသော် ဖမ်းမိမှု နောက်ဆက်တွဲ လက်နက်ရာချီနဲ့ လုပ်ကြံသတ်ဖြတ်မှုစာရင်း သိမ်းဆည်းမိတယ်လို့ဆို Reviewed by THITHTOOLWIN on 05:16 Rating: 5

No comments:

Powered by Blogger.