ဝက်လက်မြို့နယ်တွင် စစ်ကောင်စီကားများကို ရှော့တိုက်ဒုံးဖြင်တိုက်ခိုက် သေဆုံးမှုများရှိနိုင်


နိုဝင်ဘာလ ၂၀၊ SGG

စစ်ကိုင်းတိုင်းဒေကြီး၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့မှ စစ်ကောင်စီကားများကို ရှော့တိုက်ဒုံးများ အသုံးပြု၍ တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ 

ယနေ့ နိုဝင်ဘာလ ၂၀ရက် ညနေပိုင်း ၂နာရီခန့်မှာ အရာတော်မြို့နယ်ဘက်ကနေ ဝက်လက်မြို့နယ်ဘက်ကို လာရောက်ခဲ့တဲ့ စစ်ကောင်စီကား ၁စီးကို ရှော့တိုက်ဒုံး ၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ရွာသာကြီးကျေးရွာအနီးမှာတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီကားနောက်ပိုင်းထိမှန်ခဲ့တယ်လို့သိရပါတယ်။

ညနေ ၅နာရီကျော်ခန့်မှာ ရွာသာကြီးကျေးရွာကို စစ်ဆေးမွှေနှောက်ခဲ့တဲ့ စစ်ကောင်စီကား၂စီးကို ရွာသာကြီးကျေးရွာအနီးမှာပဲ ရှော့တိုက်ဒုံး ၅လုံး မိုင်း၂လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့သိရပါတယ်။


စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

ဝက်လက်မြို့နယ်တွင် စစ်ကောင်စီကားများကို ရှော့တိုက်ဒုံးဖြင်တိုက်ခိုက် သေဆုံးမှုများရှိနိုင် ဝက်လက်မြို့နယ်တွင် စစ်ကောင်စီကားများကို ရှော့တိုက်ဒုံးဖြင်တိုက်ခိုက် သေဆုံးမှုများရှိနိုင် Reviewed by THITHTOOLWIN on 22:06 Rating: 5

No comments:

Powered by Blogger.