ယနေ့နံနက်တိုက်ပွဲတွင် KNDF ဖက်မှ ၄ ဦးကျဆုံး


ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် နို၀င်ဘာလ ၂၅ ရက်နေ့ယနေ့ နံနက် ၆ နာရီဝန်းကျင်လောက်က စပြီး ၉ နာရီအထိ ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ပြီး ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDFဖက်မှ တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။ 

“ တိုက်ပွဲက စဖြစ်တာက မနက် ငါးနာရီလောက်မှာ စဖြစ်တယ်။ ပြည်နယ်အခြေစိုက်တပ်ရင်း ၄၂၇ နဲ့ ဖြစ်တာပေါ့။ ဖြစ်တာတော့ ဟိုဖိတ်ရွာဖက်မှာ ဖြစ်တယ်။ ကရင်နီကာကွယ်ရေးတပ်တွေနဲ့ ထိပ်တိုက်ဖြစ်တာပေါ့။ တိုက်ပွဲကတော့ ၉ နာရီလောက်မှာတော့ ငြိမ်သွားပြီ။ KNDF   ဖက်က ၄ ယောက်ကျသွားတယ်။ ကျန်တဲ့ ထိခိုက်မှုတို့တော့ မရှိဘူး။ စကစဖက်က ထိခိုက်မှု၊ ကျဆုံးမှု အခြေအနေကိုတော့ မသိရသေးဘူး။” လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF မှ တာဝန်ရှိသူ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။ 

နှစ်ဖက်တိုက်ပွဲဖြစ်တဲ့အတွက် စစ်ကောင်စီဖက်မှ ထိခိုက်ကျဆုံးမှု များပြားနိုင်ခြေရှိပေမယ့် အသေးစိတ်ကိုတော့ မသိရှိနိုင်သေးဘူးလို့ ၎င်းက ဆက်ပြောပါတယ်။ 

ကရင်နီပြည်နယ်အတွင်းမှာ တိုက်ပွဲကြောင့် ကျဆုံးသွားတဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်ပေါင်း ၃၂ ဦးအထိ ရှိလာတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ကန္တာရဝတီတိုင်း(မ်) / Kantarawaddy Times

ယနေ့နံနက်တိုက်ပွဲတွင် KNDF ဖက်မှ ၄ ဦးကျဆုံး ယနေ့နံနက်တိုက်ပွဲတွင် KNDF ဖက်မှ ၄ ဦးကျဆုံး Reviewed by THITHTOOLWIN on 10:54 Rating: 5

No comments:

Powered by Blogger.