အရာတော်မြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ ခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရ


နိုဝင်ဘာလ ၁၈၊ SGG

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် အရှေ့နယ် ဒုံဒစ်ကျေးရွာနှင့် ပေါက်ပင်ဆိပ်ကျေးရွာကို ဝင်ရောက်မွှေနှောက်ပြီး ပြန်လာသော အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသခံပျူစောထီးများ၏ ခြေလျင်စစ်ကြောင်းကို အရာတော်မြို့နယ် တော်လှန်ရေးအင်အားစု (ARA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

နိုဝင်ဘာလ ၁၇ရက် ယမန်နေ ညနေ(၅)နာရီက ဒုံဒစ်ကျေးရွာအထွက်တွင် ARA တပ်ဖွဲ့(၃)ဖွဲ့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီတပ်ဖွဲ့များ ထိခိုက်ဒဏ်ရာရမှုများပြားခဲ့တယ်လို့သိရတယ်။ စစ်ကောင်စီတပ်သား(၁၀)ဦးခန့် ဒဏ်ရာပြင်းထန်နိုင်၍ နာ‌ရေးကားဖြင့် လာသယ်သွားသည်ဟု ARA ပြန်ကြားရေးက အတည်ပြုပေးထားပါတယ်။

အရာတော်မြို့နယ် ငွေ‌တွင်းကျေးရွာကဲ့သို့ စစ်တပ်အမာခံများပြားသည့် ကျေးရွာများမှ ဒေသခံပျူစောထီးများကို စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားရုံသာမက ယူနီဖောင်းပါ ပေးဝတ်ထားသည်ကို တွေ့နေရကြောင်း ဒေသခံများကပြောပါတယ်။

အရာတော်မြို့နယ်မှာဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအင်အားကောင်းလာသလို အကြမ်းဖက်စစ်ကောင်စီကလည်း အမာခံပျူစောထီးများကို လက်သပ်မွေးမြူထားပါတယ်။ ပြည်သူအချင်းချင်း ပြန်လည်ဖိနှိပ်စေခြင်း၊ ကျေးရွာများသို့ စစ်တပ်လှည့်ရာ‌တွင် ရောထည့်အသေခံခိုင်းခြင်း စသည်တို့တွင် အသုံးချလျက်ရှိနေတယ်လို့သိရပါတယ်။

စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး

အရာတော်မြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ ခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရ အရာတော်မြို့နယ်တွင် စစ်တပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့ ခြေလျင်စစ်ကြောင်း မိုင်းဆွဲခံရ Reviewed by THITHTOOLWIN on 16:57 Rating: 5

No comments:

Powered by Blogger.