ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၅၀ နုတ်ထွက်


စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၆၀ ကျော်ရှိတဲ့အနက်  ရပ်ကျေး အုပ်ချုပ်ရေးမှူး ၅၀ နုတ်ထွက်ပြီးပြီလို့  မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရပါတယ်။

“ဒီပဲယင်းမြို့နယ်မှာတော့ စစ်ကောင်စီက ခန့်အပ်တယ်သာဆိုတာ၊ ခန့်အပ်ခံရသူတွေဟာ ခန့်အပ်ပြီးမကြာခင်မှာဘဲ ဆက်တိုက် နုတ်ထွက်လာတာ ဒီနေ့အထိပါပဲ။ သေဆုံးတာ အနည်းငယ်ရှိပေမဲ့ စစ်ကောင်စီနဲ့ မပူးပေါင်းလိုတဲ့အတွက် နုတ်ထွက်ကြတာများတယ်။ အန္တရာယ် အ‌ကြောင်းအမျိုးမျိုးကြောင့်လို့ အကြောင်းပြ နုတ်ထွက်သူဆိုလို့ ဝပါကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးသာရှိပါတယ်”လို့  မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ် ။

ဒီပဲယင်းမြို့နယ်မှာ ဒီပဲယင်းရပ်ကွက် ၂ ခုနဲ့ စိုင်ပြင်ရပ်ကွက် ၅ ခု အပါအဝင် ကျေးရွာအုပ်စုပေါင်း ၆၃ အုပ်စုရှိပြီး၊ နိုဝင်ဘာ ၁၈ ရက်အထိ နုတ်ထွက်ခြင်းမပြုရသေးတဲ့ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁၃ ဦးသာ ကျန်ရှိပါတယ်။

ရွှေဘိုခရိုင်အတွင်းမှာ ဒီပဲယင်း ၊ တန့်ဆည်၊ ခင်ဦး၊ ရေဦး မြို့နယ် ၄ ခုဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အများဆုံး နုတ်ထွက်ထားတာဖြစ်ပါတယ်။

ရွှေဘိုခရိုင်အတွင်းမှာ ဒီပဲယင်း ၊ တန့်ဆည်၊ ခင်ဦး၊ ရေဦး မြို့နယ် ၄ ခုဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး အများဆုံး နုတ်ထွက်ထားတာဖြစ်ပါတယ်။

Zayartime Media-ဇေယျာတိုင်း မီဒီယာ

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၅၀ နုတ်ထွက်  ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၅၀ နုတ်ထွက် Reviewed by THITHTOOLWIN on 17:04 Rating: 5

No comments:

Powered by Blogger.