ကလေးမြို့တွင် တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးဟု PDF(Kalay) ထုတ်ပြန်



ခိုနူမ်းသုန်သတင်း၊ ၁၈ နိုဝင်ဘာ ၂၀၂၁

ကလေးမြို့နယ် နဂါးပွက်ရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့များကို  နိုဝင်ဘာလ ၁၈ ရက် ယနေ့ မနက် ၁၀ နာရီခွဲအချိန်တွင် PDF- ကလေး တပ်ဖွဲ့ဝင်များက သွားရောက်ပစ်ခတ်တိုက်ခိုက်ကာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါတိုက်ပွဲတွင် ကလေးနည်းပညာတက္ကသိုလ်အတွင်းမှ တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ ဝင်များကလည်း နဂါးပွက်ကျေးရွာဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ကူပေးနေသည့်အပြင် ကလေး မြို့ဘက်မှ စစ်ကူတက်လာသော စစ်ယာဉ်တန်းမှာ ချင်းဆိုင်ရွာအနီးတွင် ရပ်တန့်စစ်ကြောင်း လျှောက်တက်လာရာတွင် PDF- ကလေး တပ်ဖွဲ့ဝင်များက မိုင်း ၃ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးသွားသညဟု PDF- ကလေး ထုတ်ပြန်သည်။ 

ယမန်နေ့က ကလေးမြို့နယ် အနောက်တောင်ကြော တနေရာ PDF- Kalay  တပ်ရင်း(၃) တပ်ခွဲ စခန်းကို သိမ်းပိုက်တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ယနေ့မနက်အချိန်မှစတင်ပြီး လမ်းကြောင်းတလျှောက် လက်နက်ကြီးများဖြင့်တရစပ်ပစ်ခတ်ကာ နဂါးပွက်ကျေးရွာကို ပြောင်း ရွေ့လာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးအတည်ပြုချက်အရ အဖမ်းဆီးခံ PDF တပ်ဖွဲ့ဝင်များမှာ အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၁၀ ဦး စုစုပေါင်း ၁၂ ဦးဖြစ်ပြီး ယမန်နေ့က ဆိုရှယ်မီဒီယာတွင်ထွက်ပေါ်လာသော ဓာတ်ပုံများတွင် ပါဝင်မလာသည့် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦး၏ အခြေအနေကို မသိရသေးကြောင်း PDF ကထုတ်ပြန်သည်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ယနေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင်လည်း ချင်းဆိုင်ကျေးရွာအတွင်း ဝင်ရောက်ပြီး လူနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးနေသည့်အပြင် ချင်းဆိုင်ရွာတောင်ဘက်  ဘူတာနားမှ ကြက်ခြံအပါအဝင် လူနေအိမ်များကိုပါ မီးရှို့နေကြောင်းလည်းသိရသည်။

Khonumthung Burmese 

ကလေးမြို့တွင် တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးဟု PDF(Kalay) ထုတ်ပြန် ကလေးမြို့တွင် တိုက်ပွဲဆက်ဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးဟု PDF(Kalay) ထုတ်ပြန် Reviewed by THITHTOOLWIN on 16:55 Rating: 5

No comments:

Powered by Blogger.