ရန်ကုန်တိုင်း အကြမ်းဖက်စစ်တပ် ဗျူဟာမှူး တပ်စွဲသည့်နေရာ လောင်ချာဖြင့် ပစ်ခတ်ခံရ


ရန်ကုန်၊ နိုဝင်ဘာ ၂၃

ရန်ကုန်တိုင်း အကြမ်းဖက်စစ်ကောင်စီ ဗျူဟာမှူး ဦးဆောင်ကာ တပ်စွဲထားသည့် နေရာကို လှိုင်သာယာမြို့ပြ ပြောက်ကျားတပ်ဖွဲ့က ယနေ့ နို၀င်ဘာလ ၂၃ ရက် နေ့လည်က လောင်ချာဖြင့် ပစ်ခတ်ခဲ့သည်။

၎င်းအုပ်စု တပ်စွဲထားရာနေရာမှာ လှိုင်သာယာအဝေးပြေးအနီး ရန်ကုန် - ပုသိမ် ကားလမ်းမကြီးဘေးရှိ ဝါဝါ၀င်းကုမ္ပဏီစီမံခန့်ခွဲမှုရုံးဝင်းအတွင်း ဖြစ်ပြီး M79 Grenade Launcher ဖြင့် 40 mm ဗုံးသီးအသုံးပြုကာ နေ့လည် ၁ နာရီခွဲ ဝန်းကျင်က ပစ်ခတ်ခဲ့သည်ဟု လှိုင်သာယာမြို့ပြ ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်သည်။ 

"အသံက ဆူနေချိန်ဆိုတော့ သိပ်ကျယ်တယ်လို့ ပြောမရဘူး။ အစစ်အဆေးတွေတော့ မစသေးဘူးဗျ။ လမ်းကတော့ အလိုလိုရှင်းသွားတာပေါ့။ အရင်ကဆို လမ်းဘေးကားတွေ မရှိတော့ဘူး" ဖြစ်စဉ်အနီး၌ အငှားကားမောင်းနှင်သူက နေ့လည် ၃ နာရီခွဲတွင် ပြောသည်။

ကာကွယ်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာရာတွင် ကျူး၌နေထိုင်သူများ၏ ပိတ်ပင်နှောက်ယှက်ခြင်း ကြုံတွေ့ရကြောင်း၊ ပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်သားများ ထိခိုက်ဒဏ်ရာရရှိမှု ရှိ၊ မရှိကို အတည်ပြုမရသေးကြောင်း သိရသည်။ 

လှိုင်သာယာမြို့ပြ ပြောက်ကျားတပ်ဖွဲ့သည် ထိုနေရာကို အောက်တိုဘာလ ၂၂ ရက်က အဝေးထိန်းဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။

နိုဝင်ဘာ ၂၀ ရက် ဝန်းကျင်ကလည်း လှိုင်သာယာ သောင်ကြီးရဲစခန်းကို Civil Guerrilla Force HTY နှင့် Spring Revolution Flames (SRS) အဖွဲ့ ပူးပေါင်းကာ M79 Grenade Launcher ဖြင့် 40 mm ဗုံးသီးကို အသုံးပြုကာ တိုက်ခိုက်ခဲ့ရာ စကစ လက်အောက်ခံရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။


Lu Nge Khit

ရန်ကုန်တိုင်း အကြမ်းဖက်စစ်တပ် ဗျူဟာမှူး တပ်စွဲသည့်နေရာ လောင်ချာဖြင့် ပစ်ခတ်ခံရ ရန်ကုန်တိုင်း အကြမ်းဖက်စစ်တပ် ဗျူဟာမှူး တပ်စွဲသည့်နေရာ လောင်ချာဖြင့် ပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 21:30 Rating: 5

No comments:

Powered by Blogger.