အကြမ်းဖက်စစ်ကောင်စီတပ်သားများ ရိက္ခာတင်ဆောင်လာသော ကုန်တင်မော်တော်အမြန်ရေယာဉ်နှစ်စီးကို မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြစ်ရိုးအောက်ဒေသ)အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်



အကြမ်းဖက်စစ်ကောင်စီမော်တော်ရေယာဉ်တစ်စီး မီးလောင်ကျွမ်းပြီး မီးများလည်းအူထွက်(ရုပ်/သံ)

နိုဝင်ဘာ၂၃

စစ်ကိုင်းတိုင်း၊မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြစ်ရိုးအောက်ဒေသ)အဖွဲ့သည်  အကြမ်းဖက်စစ်ကောင်စီတပ်သားများ ရိက္ခာတင်ဆောင်လာသော ကုန်တင်မော်တော်အမြန်ရေယာဉ်နှစ်စီးနှင့်SpeedBoatတစ်စီးကို ဒီကနေ့နေ့လည်၁နာရီဝန်းကျင်ခန့်က မြစ်ရိုးအောက်ဒေသတစ်နေရာမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြစ်ရိုးအောက်ဒေသ)မှ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ 

ထို့နောက်တိုက်ပွဲဖြစ်ပွားရာ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြစ်ရိုးအောက်ဒေသ)အဖွဲ့မှ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် တရစပ်ပစ်ခတ်ကာ အကြမ်းဖက်စစ်ကောင်စီကုန်တင်မော်တော်အမြန်ရေယာဉ်တစ်စီး နောက်ပိုင်းမီးလောင်ကျွမ်း၍ မီးများလည်းအူထွက်ခဲ့တယ်လို့ သိရှိရပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်သော်လည်း တော်လှန်တိုက်ပွဲဝင်သည့်ရဲဘော်များရဲ့လုံခြုံရေးအခြေအနေကြောင့် သေဆုံးမှုကို အတိအကျမသိရှိရပေမယ့် စစ်ကောင်စီတပ်သားတချို့ သေဆုံးမှုရှိနိုင်တယ်လို့ ထုတ်ပြန်ချက်ထဲမှာပါရှိပါတယ်။ 

မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(မြစ်ရိုးအောက်ဒေသ)အဖွဲ့မှ ရဲဘော်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပြီး မီးလောင်ကျွမ်းသည့် ကုန်တင်မော်တော်ရေယာဉ်ကို အခြားရေယာဉ်တစ်စီးဖြင့် ဆွဲငင်သွားရသည်ဟု သိရပါတယ်။



Regional News Agency -RNA

အကြမ်းဖက်စစ်ကောင်စီတပ်သားများ ရိက္ခာတင်ဆောင်လာသော ကုန်တင်မော်တော်အမြန်ရေယာဉ်နှစ်စီးကို မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြစ်ရိုးအောက်ဒေသ)အဖွဲ့မှ ပစ်ခတ်တိုက်ခိုက် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ရိက္ခာတင်ဆောင်လာသော ကုန်တင်မော်တော်အမြန်ရေယာဉ်နှစ်စီးကို မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြစ်ရိုးအောက်ဒေသ)အဖွဲ့မှ ပစ်ခတ်တိုက်ခိုက် Reviewed by THITHTOOLWIN on 21:25 Rating: 5

No comments:

Powered by Blogger.