ရန်ကုန် လှိုင်မြို့နယ်စည်ပင်ရုံးကို ဖေါက်ခွဲမှုပြုလုပ်ကြောင်း မက္ခရာတော်လှန်ရေးအင်အားစု အသိပေး



အာဏာသိမ်းစစ်ကောင်စီလက်အောက်ရှိ ရန်ကုန်မြို့ လှိုင်မြို့နယ်အတွင်း အင်းစိန်လမ်းမဘေးမှ မြို့နယ်စည်ပင်သာယာရေးရုံးကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၃) ရက်နေ့တွင် အဝေးထိန်းဗုံးဖြင့် ဖေါက်ခွဲမှုပြုလုပ်ကြောင်း  မက္ခရာတော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်ထားသည်။

အများပြည်သူအနေဖြင့် အာဏာသိမ်းအဖွဲ့အား ကူညီထောက်ပံ့မှုဖြစ်စေသည့် ရုံးဌာနများနှင့် မပတ်သက်ကြရန်ကိုလည်း မေတ္တာရပ်ခံထားသည်ကို တွေ့ရသည်။

စစ်အာဏာသိမ်းမှုကိုတော်လှန်နေရသည့် ပြည်သူ့တော်လှန်ရေးအဖွဲ့များက အာဏာသိမ်းအဖွဲ့နှင့် ၎င်းတို့အား အထောက်အပံ့ဖြစ်စေသောနေရာများအား တိုက်ခိုက်ရာတွင် ၎င်းတို့တိုက်ခိုက်ကြောင်းကို သတင်းထုတ်ပြန်လေ့ရှိပြီး အများပြည်သူအနေဖြင့် ဘေးအန္တရာယ်ကင်းစေရေး သတိပေးချက်များကိုလည်း ထုတ်ပြန်လေ့ရှိသည်ကို တွေ့ရသည်။


Tachileik News Agency 

ရန်ကုန် လှိုင်မြို့နယ်စည်ပင်ရုံးကို ဖေါက်ခွဲမှုပြုလုပ်ကြောင်း မက္ခရာတော်လှန်ရေးအင်အားစု အသိပေး ရန်ကုန် လှိုင်မြို့နယ်စည်ပင်ရုံးကို ဖေါက်ခွဲမှုပြုလုပ်ကြောင်း မက္ခရာတော်လှန်ရေးအင်အားစု အသိပေး Reviewed by THITHTOOLWIN on 21:31 Rating: 5

No comments:

Powered by Blogger.