ဂန့်‌ဂေါနယ်မှာ စစ်တပ်က ရမ်းသမ်းပစ်လို့ ရွာသားတစ်ဦးသေဆုံး


ဂန့်‌ဂေါနယ်မှာ စစ်တပ်က အကြမ်းဖက်မှုတွေ ကျူးလွန်နေ၊ ယမန်နေ့က စစ်တပ်က ရမ်းသမ်းပစ်လို့ ရွာသားတစ်ဦးသေဆုံး

ဂန့်ဂေါ နိုဝင်ဘာ ၂၄ 

ဂန့်ဂေါနယ်မှာ မိုဘိုင်းလ်အင်တာနက်ပြတ်တောက်နေတာ နှစ်လပြည့်ပြီ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ ဆက်သွယ်ရေးပြတ်တောက်နေတာကို အခွင့်ကောင်းယူပြီး ရွာတွေကိုမီးရှို့ခြင်း၊ အကြောင်းမဲ့ဖမ်းဆီးခြင်းနှင့် အကြောင်းမဲ့ပစ်သတ်ခြင်း စတဲ့ အကြမ်းဖက်မှုတွေကို ဆက်တိုက်ကျူးလွန်နေခဲ့ပါတယ်။ 

ယမန်နေ့ နိုဝင်ဘာလ ၂၃ရက်နေ့က နယ်မြေရှင်းလင်းရေးအကြောင်းပြ ရမ်းကားတဲ့စစ်တပ်ဟာ ဂန့်ဂေါမြောက်ဘက် စိုင်ဒူးရွာအလွန်မှာ လက်နက်တွေရမ်းသမ်းပစ်ခတ်လို့ အုတ်ဖိုမှာအလုပ်လုပ်နေတဲ့ လာပို့ရွာသားတစ်ဦး သေဆုံးခဲ့ရပါတယ်။

နိုဝင်ဘာလ ၂၁ရက်နေ့ကလည်း အကြမ်းဖက်စစ်တပ်က ပစ်လို့ အောင်မြင်ရွာက စစ်တပ်ထောက်ခံသူ စစ်မှုထမ်းဟောင်း တစ်ယောက် သေဆုံးခဲ့ရပါသေးတယ်။ 

Gangaw Youths Voice

ဂန့်‌ဂေါနယ်မှာ စစ်တပ်က ရမ်းသမ်းပစ်လို့ ရွာသားတစ်ဦးသေဆုံး  ဂန့်‌ဂေါနယ်မှာ စစ်တပ်က ရမ်းသမ်းပစ်လို့ ရွာသားတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:29 Rating: 5

No comments:

Powered by Blogger.