ရန်ကုန်မြို့လယ်ကို စစ်ကောင်စီတပ်ကပိတ်ဆို့၍ စစ်ဆေးမှုများပြုလုပ်


ရန်ကုန်မြို့လယ်ရှိ လမ်းမများကို ယနေ့ (နိုဝင်ဘာ ၃၀ ရက်) မွန်းလွဲပိုင်းက စတင်၍ အကြမ်းဖက်စစ်ကောင်စီအဖွဲ့များက အင်အားအများအပြားဖြင့် ပိတ်ဆို့ စစ်ဆေးမှုများပြုလုပ်နေကြောင်း လမ်းမတော်မြို့နယ်နေ ပြည်သူများက ပြောသည်။

လသာမြို့နယ် ဆေးရုံကြီးအနီး လမ်းမများကို မျဥ်းဝါများ၊ သံဆူးကြိုးများတားဆီး ပိတ်ဆို့ထားပြီး ဗိုလ်ချုပ်လမ်း၊ အနော်ရထာလမ်း၊ မဟာဗန္ဓုလမ်း၊ ကမ်းနားလမ်းနှင့် ပြည်လမ်း City Mall အနီးတို့တွင်လည်း စစ်ကောင် စီ အများအပြားဖြင့် ကားများကို တစ်လမ်းမောင်းသွားခိုင်း၍ စစ်ဆေးနေကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

"မြို့ထဲမှာနေ့လည် ၁၂ နာရီကျော်ထဲကတည်းက ပိတ်စစ်နေတာပါ။ လသာဘက်ကိုဆို ကြိုးဝါတွေရော သံဆူးကြိုးတွေနဲ့ပါ တစ်လမ်းကို ပိတ်ချလိုက်ပြီ။ တစ်လမ်းပဲ မောင်းခိုင်းပြီး ကားတိုင်းကို စစ်နေတယ်။ မသင်္ကာရင်ဖုန်းတွေပါ ယူစစ်နေတာ တွေ့ခဲ့ရတယ်" ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့လယ်ရှိ လမ်းများကို စစ်ကောင်စီက ၂နာရီနီးပါး ပိတ်ဆို့ထားသော်လည်း မည်သည့်အတွက်ကြောင့် ပိတ်ဆို့စစ်ဆေးနေသည်ကို မသိရကြောင်း ပြည်သူတစ်ဦးက ဆိုသည်။

"ပထမမြို့ထဲမှာ ဆန္ဒပြသွားလို့ ကလေးတွေကို ပိတ်စစ်တယ် ထင်နေတာပါ။ အခုက မဟုတ်လောက်ဘူး။ ၂ နာရီလောက်ရှိပြီ လမ်းတွေကို အကုန်ပိတ်စစ်နေတာပါ။ ကားတွေလည်း တော်တော်ပိတ်နေတယ် " ဟု ၎င်းက ပြောသည်။

ယနေ့ နံနက်ပိုင်းကလည်း ရန်ကုန်မြို့လယ် ဖရေဇာလမ်းပေါ် ၌  "Antifascist - Action " စာတမ်းပါ ဘန်နာကိုင်ဆောင်၍ အာဏာသိမ်းစစ်တပ်အား ဆန့်ကျင်ရေး အတွက် အထွေထွေသပိတ် ကော်မတီ GSC နှင့် မြို့နယ်သပိတ်ကော်မတီတို့ ပူးပေါင်း ဆန္ဒပြခဲ့ကြသည်။

People's Spring 

ရန်ကုန်မြို့လယ်ကို စစ်ကောင်စီတပ်ကပိတ်ဆို့၍ စစ်ဆေးမှုများပြုလုပ် ရန်ကုန်မြို့လယ်ကို စစ်ကောင်စီတပ်ကပိတ်ဆို့၍ စစ်ဆေးမှုများပြုလုပ် Reviewed by THITHTOOLWIN on 18:08 Rating: 5

No comments:

Powered by Blogger.