ရေတာရှည်က ပျူစောထီးအဖွဲ့ဝင် တဦးကို PDF နှစ်ဖွဲ့ ပူးပေါင်းရှင်းလင်းခဲ့ဟုဆို

ပဲခူး၊ နိုဝင်ဘာ ၃၀၊ ၂၀၂၁။

ပဲခူးတိုင်း ရေတာရှည်မြို့နယ်မှာ စစ်ကောင်စီကို သတင်းပေးနေတဲ့ ပျူစောထီးအဖွဲ့ဝင် ဒလံဆိုသူတဦးကို ပဲခူး BDF နဲ့ ရေတာရှည် PDF နှစ်ဖွဲ့က ရှင်းလင်းခဲ့တယ်လို့ BDF အဖွဲ့ဆီက သိရပါတယ်။

နိုဝင်ဘာ ၂၈ ရက် နေ့လည်ပိုင်း ဆွာရေလှောင်တမံရဲ့ တနေရာမှာ ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

"အပြစ်မဲ့တဲ့ပြည်သူတွေကို ခြိမ်းခြောက်တယ်။ ဒီကောင်က ရေတာရှည်မှာ စကစနဲ့ပေါင်းပြီး ဒလံလုပ်နေတာကြာပါပြီ၊ နယ်မြေခံ ရေတာရှည် PDF က အတည်ပြုတာပါ" လို့ BDF ရဲ့ တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

မဟာမိတ် PDF နှစ်ဖွဲ့ရှင်းလင်းတာခံလိုက်ရသူက ပဲခူးတိုင်း ရေတာရှည်မြို့နယ်၊ သိုင်းဝအုပ်စု၊ ကျွန်းတောစုရွာက ဦးခင်မောင်ညွန့်ဖြစ်တယ်လို့ သိရပါတယ်။

မြေလတ်အသံ - Myaelatt Athan 

ရေတာရှည်က ပျူစောထီးအဖွဲ့ဝင် တဦးကို PDF နှစ်ဖွဲ့ ပူးပေါင်းရှင်းလင်းခဲ့ဟုဆို ရေတာရှည်က ပျူစောထီးအဖွဲ့ဝင် တဦးကို PDF နှစ်ဖွဲ့  ပူးပေါင်းရှင်းလင်းခဲ့ဟုဆို Reviewed by THITHTOOLWIN on 18:04 Rating: 5

No comments:

Powered by Blogger.