ပြည်ခိုင်ဖြိုး၏ ပင်လယ်ဘူးအမတ်​​လောင်းနှင့် သတင်း​ပေးဟုဆိုသူနှစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်စဥ် ပစ်သတ်ခံရ

 

ပင်လည်ဘူးမြို့ နယ် ပြည်​ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး​ရေးပါတီ ဥက္ကဋ္ဌ နှင့် စစ်ကောင်စီသတင်းပေးတစ်ဦးတို့ကို မြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်တွင် အမည်မသိလူအချို့က ယ​နေ့နံနက်ပိုင်းက သေနတ်ဖြင့် ပစ်သတ်သွား​ကြောင်း ဒေသခံများကပြောသည်။

ပင်လည်ဘူးမြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဦးဝင်းသိန်း နှင့်စစ်ကောင်စီသတင်းပေးဟုဆိုသူ ညိုသန်းတို့ လက်ဖက်ရည်ဆိုင် ထိုင်နေစဥ် ယနေ့(နိုဝင်ဘာ ၃၀) နံနက် ၈ နာရီခန့်တွင် သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရခြင်းဖြစ်သည်။

"သူတို့နှစ်ယောက်က အတူတူ သွားသွားလာလာရှိတယ်။  ဒီမနက်တော့ အဆော်ခံလိုက်ရပြီ။ နှစ်ယောက်စလုံး​ သေ သွားပြီး အလောင်းတွေလည်း သယ်သွားပြီ" ဟု ဒေသခံတစ်ဦးကပြောသည်။

 ဦးဝင်းသိန်းသည်  ၂၀၂၀ ရွေးကောက်ပွဲတွင် ပင်လည်ဘူးမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နေရာ၌ ယှဉ်ပြိုင်ခဲ့သော်လည်းဒီချုပ် ပါတီကို ရှုံးနိမ့်ခဲ့သူဖြစ်သည်။ ၄င်းသည်  စစ်ကောင်စီအလိုကျနေသူဖြစ်ပြီး  ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့်  ဒီချုပ် ပါတီထောက်ခံသူများကို ဖမ်းဆီးရာတွင် လက်ထောက်ချသူဖြစ်ကြောင်း ဒေသခံများကပြောသည်။

၄င်းတို့နှစ်ဦး အသတ်ခံရကြောင်းကို ပင်လည်ဘူးရှိ အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားနေသော ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာများတွင် ရေးသားဖော်ပြနေသော်လည်းမည်သည့်အဖွဲ့အစည်းက ​သေနတ်ဖြင့်ပစ်သတ်သွားသည်ကို သတင်းမထုတ်ပြန်သေးပေ။

People's Spring 

ပြည်ခိုင်ဖြိုး၏ ပင်လယ်ဘူးအမတ်​​လောင်းနှင့် သတင်း​ပေးဟုဆိုသူနှစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်စဥ် ပစ်သတ်ခံရ ပြည်ခိုင်ဖြိုး၏ ပင်လယ်ဘူးအမတ်​​လောင်းနှင့် သတင်း​ပေးဟုဆိုသူနှစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်စဥ် ပစ်သတ်ခံရ Reviewed by THITHTOOLWIN on 18:11 Rating: 5

No comments:

Powered by Blogger.