ကလေးမြို့နယ်တွင် စကစတပ်မှ ၀ဉတောင်သူတစ်ဦးအား လည်လှီးသတ်ဖြတ်


နို၀င်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းက ကလေးမြို့နယ်တွင် စကစတပ်သားများမှ အသက် ၄၈ နှစ်အရွယ် ကလေး ၄ယောက်ဖခင် ၀ဉတောင်သူတစ်ဦးအား ဦးခေါင်းတွင် သေနက်နဲ့ပစ်ခတ်ပြီး လည်လှီးသတ်ဖြတ်ခဲ့ကြောင်း CNO/CNDF ထုတ်ပြန်သည်။ 

အဆိုပါနေ့တွင် စကစတပ်နှင့် CNDF (ကလေး တပ်မဟာ)/PDF (Kalay) ပူးပေါင်းတပ်ဖွဲ့တို့ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပြီးစကစဖက်က အကျအဆုံးနှင့် ထိခိုက်ဒဏ်ရာရ များပြားမှုကြောင့် သွားရာလမ်းတစ်လျှောက် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဝဥခြံမှ ပြန်လာသော စီးစံကျေးရွာသားအား သတ်ဖြတ်ခြင်းဖြစ်ကြောင်း CNO/CNDF မှ ထုတ်ပြန်ထားပါတယ်။ 

"ထိုကဲ့သို့ အပြစ်မဲ့ပြည်သူအား ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုအပေါ်  မိမိတို့ (CNO/CNDF)မှ ပြင်းထန်စွာရှုတ်ချပြီး အပြစ်မဲ့ပြည်သူများအပေါ် လူသားမဆန်သည့် အကြမ်းဖက် စစ်ကောင်စီများကို အမြစ်ပြတ် ချေမှုန်းလက်တုန့်ပြန်သွားမည်" ဟု ထုတ်ပြန်သည်။




Chin News Journal - CNJ


ကလေးမြို့နယ်တွင် စကစတပ်မှ ၀ဉတောင်သူတစ်ဦးအား လည်လှီးသတ်ဖြတ် ကလေးမြို့နယ်တွင် စကစတပ်မှ ၀ဉတောင်သူတစ်ဦးအား လည်လှီးသတ်ဖြတ် Reviewed by THITHTOOLWIN on 23:10 Rating: 5

No comments:

Powered by Blogger.