တိုင်းဧရာရှိ Non CDM ကျောင်းအုပ်များ ကျောင်းပျက်သူမရှိဟု လိမ်လည်တင်ပြနေရ

ဓာတ်ပုံ - လူမှုကွန်ယက်ပေါ်၌ ပျံ့နှံ့ခဲ့သည့် ကျောင်းသား(၄)ဦးသာရှိသည့် စသင်ခန်းတစ်ခုပုံ

မအူပင်၊ နိုဝင်ဘာ ၁၉

ဧရာဝတီတိုင်း၌ အကြမ်းဖက် စစ်ကောင်စီမှဖွင့်လှစ်သည့် ကျောင်းတက်ရောက်သူများ စာရင်းကိုတင်ပြရာတွင် ကျောင်းပျက်ကွက်သူ မရှိဟု ကျောင်းအုပ်အများစုက လိမ်လည်တင်ပြပေးနေရကြောင်း Non CDM ပညာရေးအသိုင်းအဝန်းမှ သိရသည်။

"တက်ရောက်သူ နည်းတဲ့ နေရာနည်း၊ များတဲ့နေရာများတယ်။ အကုန်တော့မတက်ဘူး။" ဟု ဆရာမ တစ်ဦးက ပြောသည်။

စာရင်းအပြည့်ရှိသည်ဟု တင်ပြရသော်လည်း လက်တွေ့တွင်  ပျက်ကွက်သူမှာ (၂၀) ရာခိုင်နှုန်းသည် အနိမ့်ဆုံးဖြစ်ပြီး ထို့ထက်ပိုများနိုင်သည်ဟု မအူပင်မြို့နယ်တွင်‌နေထိုင်သည့် Non CDM ဆရာမတစ်ဦးက ပြောသည်။

"ကျောင်းကို ပိုက်ဆံချပေးဖို့ စစ်ကောင်စီဘက်က စပြီးပျက်ကွက်လာပြီ။ ဟိုးအရင်ခေတ်ကလို ကျောင်းဝင်ကြေးတွေတောင်း၊ အခန်းထဲမှာ ကလေး‌တွေဆီက ရေဖိုးတောင်း အဲလိုတွေ လုပ်ရတော့မယ်။" ကျောင်းအုပ်ဆရာမတစ်ဦးက ပြောသည်။

ဧရာဝတီတိုင်း‌ဒေသကြီး၌ မြို့နယ်ပေါင်း(၂၆)မြို့နယ်ရှိပြီး အခြေခံပညာ ကျောင်းပေါင်း (၇၀၀၀) ကျော် ရှိသည်။

စစ်အာရှင်ကို ပြင်းပြင်းထန်ထန်တွန်းလှန်နေသည့် ကယားပြည်၌မူ ကျောင်းပေါင်း(၅၀၀)နီးပါးရှိရာ စစ်ကောင်စီက လွိုင်ကော်မြို့ပေါ်ရှိ ကျောင်း(၇)ကျောင်းကိုသာ ပြန်ဖွင့်ထားနိုင်သည်။

အကြမ်းဖက်စစ်ကောင်စီက နိုဝင်ဘာလ(၁)ရက်နေ့တွင် ကျောင်းများ ပြန်ဖွင့်ရမည်ဟု အောက်တိုဘာလကုန်ပိုင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။


Lu Nge Khit 

တိုင်းဧရာရှိ Non CDM ကျောင်းအုပ်များ ကျောင်းပျက်သူမရှိဟု လိမ်လည်တင်ပြနေရ တိုင်းဧရာရှိ Non CDM ကျောင်းအုပ်များ ကျောင်းပျက်သူမရှိဟု လိမ်လည်တင်ပြနေရ Reviewed by THITHTOOLWIN on 23:25 Rating: 5

No comments:

Powered by Blogger.