ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဖမ်းဆီးရမိသော အာဏာသိမ်းတပ်သား စစ်သုံ့ပန်းများကို လူ့ဂုဏ်သိက္ခာနှင့်အညီ ထိန်းသိမ်းထား


ပြည်သူ့ခုခံတွန်းလှစ်စစ်ပွဲအတွင်း ဖမ်းဆီးရမိထားသည့် အာဏာသိမ်းတပ်၏ တပ်သား (၃) ဦးကို လူ့ဂုဏ်သိက္ခာနှင့်အညီ ထိန်းသိမ်းထားပြီး ပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့(ICRC)သို့ ဆက်သွယ်အကြောင်းကြားသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၏ ကာကွယ်ရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၁၉) ရက်နေ့၌ ထုတ်ပြန်လာသည်။

အမှတ်(၁)စစ်ဒေသအတွင်း နိုဝင်ဘာလ (၇) ရက်နေ့က ဖြစ်ပွားခဲ့သည့်စစ်ပွဲတွင် ဖမ်းဆီးရမိထားသည့် အာဏာသိမ်းတပ်ဘက်မှ တပ်သားဖြိုးပိုင် - ကိုယ်ပိုင်အမှတ် တ/၅၆၈၁၇၃ ၊ တပ်သားမင်းထက်ကျော် - ကိုယ်ပိုင်အမှတ် တ/၅၇၀၀၀၃ နှင့် တပ်သားဖြိုးဝေစိုး - ကိုယ်ပိုင်အမှတ် တတ/၁၂၇၂၈၈ တို့အား လုံခြုံစွာထိန်းသိမ်းထားကြောင်း ယနေ့ သတင်းထုတ်ပြန်လာခြင်းဖြစ်သည်။

လူထုကို လက်နက်ကိုင်အကြမ်းဖက်နှိမ်နှင်းသည့် အာဏာသိမ်းစစ်တပ်အား တွန်းလှန်သည့် ပြည်သူများ၏ ပြည်သူ့ခုခံတွန်းလှစ်စစ်ကို  ၂၀၂၁ခုနှစ်၊စက်တင်ဘာလ(၇)ရက် မှစတင်နေပြီး  ပြည်သူ့တော်လှန်ရေးအင်အားစုများအနေဖြင့်  သုံ့ပန်းနှင့် စစ်ဖက်အကျဉ်းသားထိန်းသိမ်းရေးဆိုင်ရာ လမ်းညွှန်ချက်အပါအဝင် စစ်ဖက်ဆိုင်ရာကျင့်ဝတ်များကို NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လမ်းညွန်ထားသည်။


Tachileik News Agency

ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဖမ်းဆီးရမိသော အာဏာသိမ်းတပ်သား စစ်သုံ့ပန်းများကို လူ့ဂုဏ်သိက္ခာနှင့်အညီ ထိန်းသိမ်းထား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဖမ်းဆီးရမိသော အာဏာသိမ်းတပ်သား စစ်သုံ့ပန်းများကို လူ့ဂုဏ်သိက္ခာနှင့်အညီ ထိန်းသိမ်းထား Reviewed by THITHTOOLWIN on 23:07 Rating: 5

No comments:

Powered by Blogger.